ဒုက္ကရသုတ်
From Wikipedia, the free encyclopedia
Remove ads
(၂)သုတ် ရှိပါသည်။
[၁] သမဏဓမ္မကို မလိမ္မာသော ဗာလပုဂ္ဂိုလ်၏ ပြုကျင့်ရန် ခဲယဉ်းပုံ၊ သည်းခံ နိုင်ခဲပုံ၊ အရိယမဂ္ဂဓမ္မ၌ ကိလေသာဖြင့် စိတ်ဆုတ်နစ်နိုင်ပုံ ဘေးရန်များလှပုံကို အညတရနတ်သားက လျှောက်ထားလာပါသည်။
ကာမဝိတက်အစရှိသော မိစ္ဆာဝိတက်သုံးပါးတို့ အလိုသို့ လိုက်နေသော ရဟန်းသည်အာရုံတိုင်း အာရုံတိုင်း၌ ကိလေသာဖြင့် စိတ်ဆုတ်နစ်နေပုံ၊ ထိုဆုတ်နစ်နေသောစိတ်ကို မတားမြစ်ပါက သမဏဓမ္မကို အနည်းငယ်မျှသော နေ့ရက်မျှ ကျင့်နိုင် ရာအံ့နည်း။ လိပ်သည် မိမိ၏ အင်္ဂါအစိတ်အပိုင်းတို့ကို အခွံတွင်းသို့ သွင်းထားသသို့ ရဟန်းတော်သည် စိတ်အကြံအစည်တို့ကို ကမ္မဋ္ဌာန်းအာရုံ၌ထားလျက် တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံသို့မကပ်ပဲ၊ အခြားသူများကို မညှင်းဆဲပဲ၊ တစ်စုံ တစ်ယောက်ကိုမျှ မစွပ်စွဲပဲ ငြိမ်းအေးနိုင်ကြောင်းကို ဘုရားရှင်က ဟောကြားတော်မူပါသည်။ ဤသုတ်၌ သမဏဓမ္မတို့ကို ပြုကျင့်ပုံ အကျဉ်းချုပ်ကို ဟောတော်မူပါသည်။
အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။
[၂] အရှင်သာရိပုတ္တရာ ဝဇ္ဇီနိုင်ငံ ဥက္ကစေလမြို့ ဂင်္ဂါမြစ်ကမ်းဝယ် သီတင်းသုံးတော်မူနေစဉ် သာမဏ္ဍကပရိဗိုဇ်၏ မေးလျှောက်ချက်အရ ပဗ္ဗဇ္ဇဒုက္ကရ၊ အဘိရတိ ဒုက္ကရ၊ ဓမ္မာနုဓမ္မပဋိပတ္တိဒုက္ကရ ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်၏ ရဟန္တာဖြစ်ချိန်တို့ကို ဖြေဆို ဟောကြားတော်မူသည့်သုတ်။ [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads