ဒုက္ခသုတ်

From Wikipedia, the free encyclopedia

Remove ads

(၁၂)သုတ် ရှိပါသည်။

[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေဝတန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒုက္ခ၏သမုဒယနှင့် အတ္ထင်္ဂမတို့ကို ပဋိစ္စသမုပ္ပါဒ အနုလောမ, ပဋိလောမ ဒေသနာတော်နည်းဖြင့် ရဟန်းတို့အား ဟောကြားတော်မူသည့်သုတ်။


[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ခန္ဓာငါးပါးတို့တွင် တစ်ပါးစီ တစ်ပါးစီ၌ ဒုက္ခလက္ခဏာကို သိမြင်သော သုတဝန္တ အရိယာသာဝကသည် ခန္ဓာတို့၌ ငြီးငွေ့၏ အစရှိသည်ဖြင့် အနတ္တ လက္ခဏာသုတ် ဒေသနာတော်အတိုင်း အရဟတ္တဖိုလ်ဆိုက်သည်အထိ ရဟန်းတို့အား ဟောတော်မူသည့်သုတ်။


[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အညတရရဟန်းက “အကျဉ်းချုပ်တရား ဟောတော်မူပါ။ အာတာပီ, ပဟိတတ္တဖြစ်အောင် နေထိုင်ကျင့်သုံးပါမည်”ဟု လျှောက်ထားသဖြင့် ဘုရားရှင်က “ဒုက္ခသဘောရှိသောတရား၌ ဆန္ဒကို ပယ်ရမည်”ဟု ဟောတော်မူသော အကျဉ်းချုပ် ဒေသနာတော်ကို အညတရရဟန်းက “မိမိအကျယ်အားဖြင့် ခန္ဓာငါးပါးတွင် တစ်ပါးစီ တစ်ပါးစီ၌ ဒုက္ခသဘောရှိသော ခန္ဓာ၌ ဆန္ဒကိုပယ်ရမည်ဟု သဘောပေါက် နားလည်ပါကြောင်း လျှောက်ထားသဖြင့် ဘုရားရှင်က သာဓုခေါ်တော်မူပြီး ထိုလျှောက်ထားသည့်အတိုင်း အညတရရဟန်းအား ဟောတော်မူပုံ၊ အညတရ ရဟန်း ရဟန္တာဖြစ်ပုံကို ဟောတော်မူထားပါသည်။


[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒုက္ခဟူသည် ဥပါဒါနက္ခန္ဓာငါးပါး အစရှိသည်ဖြင့် တစ်ပါးစီ သရုပ် ထုတ်၍ ဒုက္ခသမုဒယ, ဒုက္ခနိရောဓ, ဒုက္ခနိရောဓဂါမိနိပဋိပဒါတို့ကို ဓမ္မစက္ကပဝတ္တန သုတ်တော်အတိုင်း ရဟန်းတို့အား ဟောကြားတော်မူသည့်သုတ်။


[] ဒုက္ခသဘောရှိသော ခန္ဓာငါးပါး၌ ဆန္ဒကိုပယ်ရမည်ဟု ခန္ဓာတစ်ပါးစီ အကျယ်ဟောတော်မူသည့်သုတ်။


[] ဒုက္ခသဘောရှိသော ခန္ဓာ(၅)ပါး၌ ရာဂကိုပယ်ရမည်ဟု ခန္ဓာတစ်ပါးစီ အကျယ်ဟောတော်မူသည့်သုတ်။


[] အထက်သုတ်တော်အတိုင်း ဆန္ဒ, ရာဂကို ပယ်ရမည်ဟု ခန္ဓာတစ်ပါးစီ အကျယ်ဟောတော်မူသည့်သုတ်။


[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်ရာဓထေရ် မေးမြန်းလျှောက်ထားချက်အရ ခန္ဓာငါးပါးသည် ဒုက္ခသဘောရှိပုံ၊ ဤသို့ သိမြင်သော အရိယာသာဝကသည် ရဟန္တာဖြစ်နိုင်ပုံကို အနတ္တလက္ခဏသုတ် ဒေသနာတော်နည်းဖြင့် အရှင်ရာဓထေရ်အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အနိစ္စဖြစ်သော ခန္ဓာ(၅)ပါး၌ ဒုက္ခသညာနှင့် တကွဖြစ်သော ဗောဇ္ဈင် (၇)ပါးကို ဝိဝေကနိဿိတ၊ ဝိရာဂနိဿိတ၊ နိရောဓနိဿိတ၊ ဝေါဿဂ္ဂပရိဏာမီဖြစ်အောင် ပွားများလျှင် ကြိမ်ဖန်များစွာ အလေ့အလာပြုလျှင် များစွာအကျိုး အာနိသင် ရှိပုံကို ဗောဇ္ဈင်တစ်ပါးစီ အကျယ်ဟောတော်မူသည့်သုတ်။

ယင်း အနိစ္စေ ဒုက္ခသညာကို ပွားများသော ရဟန်းသည် အနာဂါမ်, ရဟန္တာ တစ်မျိုးမျိုး ဖြစ်နိုင်ပုံ၊ အကျိုးများရန်, ယောဂ(၄)ပါး ကုန်ခမ်းရန် များစွာ သံဝေဂ (သဟောတ္တပ္ပဉာဏ်) ဖြစ်ရန်, များစွာ ဖာသုဝိဟာရဖြစ်ရန် ဖြစ်နိုင်ပုံကို အကျယ်ဟောတော်မူသည့်သုတ်။


[၁၀] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အဿဒ္ဓ, အဟီရိက, အနောတ္တပ္ပ, ကုသီတ, ဒုပ္ပညဟူသော တရား ငါးပါးနှင့် ပြည့်စုံသောရဟန်းသည် မျက်မှောက်ဘဝ၌ ငြိုငြင်ပင်ပန်း ပူပန်ခြင်းနှင့်တကွ ဆင်းရဲစွာနေရပုံ၊ ကွယ်လွန်ပြီးနောက် ဒုဂ္ဂတိဘဝသို့ ရောက်ရပုံ၊ သဒ္ဓါ, ဟီရိ, ဩတ္တပ္ပ, အာရဒ္ဓဝီရိယ, ပညာဟူသော တရားငါးပါးနှင့် ပြည့်စုံသောရဟန်းသည် မျက်မှောက်ဘဝ၌ပင် မငြိုငြင် မပင်ပန်း မပူပန်မူ၍ ချမ်းသာစွာနေရပုံ၊ ကွယ်လွန်ပြီးနောက် သုဂတိဘဝသို့ ရောက်နိုင်ပုံတို့ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၁၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက်, ကာမသညာ, ဗျာပါဒ သညာ, ဝိဟိံသာသညာဟူသော တရား(၆)ပါးတို့နှင့် ပြည့်စုံသောသူသည်။ မျက်မှောက် ဘဝ၌ပင် ငြိုငြင်, ပင်ပန်း, ပူပန်, ဆင်းရဲစွာနေရပုံ၊ ကွယ်လွန်ပြီးနောက် ဒုဂ္ဂတိဘဝသို့ ရောက်ရပုံ၊ နေက္ခမ္မဝိတက်, အဗျာပါဒဝိတက်, အဝိဟိံသာဝိတက်, နေက္ခမ္မသညာ, အဗျာပါဒသညာ, အဝိဟိံသာသညာဟူသော တရား(၆)ပါးတို့နှင့် ပြည့်စုံသောသူသည် ပစ္စုပ္ပန်ဘဝ၌ပင်လျှင် ငြိုငြင်ပင်ပန်း ပူပန်ခြင်းမရှိမူ၍ ချမ်းသာစွာနေရ၏ဟု ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၁၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် တစုံတစ်ခုသော သင်္ခါရကို သုခဟု အဖန်ဖန် ရှုမှတ်သောရဟန်းသည် အနုလောမိကခန္တီ၊ သမ္မတ္တနိယာမသို့ မသက်ရောက် ဖိုလ်လေးပါးကို မျက်မှောက်မပြု နိုင်ပုံ ဒုက္ခဟု အဖန်ဖန်ရှုမြင်သော ရဟန်းသည် အနုလောမိကခန္တီ၊ သမ္မတ္တနိယာမသို့ သက်ရောက်နိုင်ပုံ, ဖိုလ်လေးပါးကို မျက်မှောက်ပြုနိုင်ပုံကို ဘုရားရှင်က ရဟန်းတော် များအား ဟောတော်မူသည့်သုတ်။ [၁၃]


ဒုက္ခသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ဒုဂ္ဂတိဘဝသို့ ရောက်ရာရောက်ကြောင်းတရားငါးမျိုးနှင့် သုဂတိဘဝသို့ ရောက်ရာရောက်ကြောင်းတရား ငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁၄]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads