ဒုဋ္ဌုလ္လဝါစာသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
ဒုဋ္ဌုလ္လဝါစာသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ စောင့်ထိန်းလိုက်နာရန် ပညတ်တော်မူခဲ့သည် သံဃာဒိသိသ်သိက္ခာပုဒ် တစ်ခု ဖြစ်သည်။[၁]
သမိုင်း
မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူ၏။ အသျှင်ဥဒါယီသည်လည်း တောကျောင်း၌ နေတော်မူ၏။ အသျှင်ဥဒါယီ၏ ကျောင်းသည် လွန်စွာလှပ၏။ အမျိးသမီးတို့သည် အသျှင်ဥဒါယီ၏ ကျောင်းကို လာရောက်ကြည့်ရှုကြ၏။ ထိုအခါ အသျှင်ဥဒါယီသည် လာကြည့်သော အမျိုးသမီးတို့အား ကြည့်ရှုစေပြီးလျှင် ထိုမိန်းမတို့၏ ဝစ္စမဂ် ပဿမဂ်ကို ရည်ရွယ်၍ ကျေးဇူးကို ပြော၏၊ ကျေးဇူးမဲ့ကိုလည်း ပြော၏၊ တောင်း၏၊ မေး၏ အစရှိသည်ဖြင့် ပြောဆို၏။
ထိုအသျှင်ဥဒါယီသည် ရဟန်းတစ်ပါးအနေနှင့် မသင့်တော်သည့် စကားများ ပြောဆိုသည်ကို ရှက်ကြောက်တတ်သော အမျိုးသမီးတို့သည် ကဲ့ရဲ့ကြကုန်၏။ ထို့နောက် မြတ်စွာဘုရားထံ ဤအကြောင်းကို တိုင်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ရဟန်းတို့အား စုဝေးစေကာ အသျှင်ဥဒါယီကို စစ်ဆေးမေးမြန်း၏။ အသျှင်ဥဒါယီသည်လည်း ဟုတ်မှတ်သည့်အတိုင်း ဖြေကြား၏။[၁]
Remove ads
သိက္ခာပုဒ် ပညတ်ခြင်း
မြတ်စွာဘုရားသည် အသျှင်ဥဒါယီအား များစွာသော အကြောင်းတို့ဖြင့် ကဲ့ရဲ့တော်မူကာ ရဟန်းတို့အား အောက်ပါအတိုင်း သိက္ခာပုဒ်ကို ပြတော်မူကြလော့ဟု မိန့်တော်မူ၏။
“အကြင်ရဟန်းသည် ရာဂဘီလူးပူးဝင်အပ်သည် ဖြစ်၍ ဖောက်ပြန်သော စိတ်ဖြင့် မိန်းမကို ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် လုလင်ပျိုသည် မိန်းမပျိုကို မေထုန်နှင့် စပ်သောစကားတို့ဖြင့် ပြက်ရယ်ပြောဆိုသကဲ့သို့ ပြက်ရယ်ပြောဆိုငြားအံ့၊ ထိုရဟန်းအား သံဃာဒိသိသ်အာပတ် သင့်၏” ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။[၁]
Remove ads
ဖြတ်ထုံးများ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
