ဒုဋ္ဌုလ္လာရောစနသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
ဒုဋ္ဌုလ္လာရောစနသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ [၁]
သမိုင်း
မြတ်စွာဘုရားသည် သာဝတ္ထိပြည်ရှိ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ ထိုအချိန်တွင် အသျှင်ဥပနန္ဒသည် ဆဗ္ဗဂ္ဂီရဟန်းတို့နှင့် ခိုက်ရန်ဖြစ်လေ၏။ အသျှင်ဥပနန္ဒသည် စေတနာဖြင့် သုတ်လွှတ်မိသဖြင့် သံဃာဒိသိသ်အာပတ် သင့်၏။ ထို့ကြောင့် သံဃာသည် အသျှင်ဥပနန္ဒကို ပရိဝါသ်ပေး၏။ (ပရိဝါသ် = ကျူးလွန်သည့် အပြစ်ဖုံးလွှမ်းသော ရက်အပိုင်းအခြားအားလျော်စွာ ဆောက်တည်ရသော အကျင့်။)
အသျှင်ဥပနန္ဒသည် ပရိဝါသ်ကျင့်သုံးနေရသဖြင့် ဆွမ်းစားဇရပ်၏ အဆုံးတွင် ထိုနေ၏။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဥပါသကာတို့အား အသျှင်ဥပနန္ဒ၏ အာပတ်ကို ပြောပြကုန်၏။
ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့အား “အဘယ်ကြောင့် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို ရဟန်းမဟုတ်သူအား ပြောကုန်ဘိသနည်း” ဟု ကဲ့ရဲ့၏။ ထို့နောက် မြတ်စွာဘုရားသည် ထိုဆဗ္ဗဂ္ဂီရဟန်းတို့အား “ဟုတ်မှန်ပါသလော” ဟု မေးရာ “ဟုတ်မှန်ပါသည်” ဟု ဖြေ၏။
ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။
Remove ads
သိက္ခာပုဒ်
အကြင်ရဟန်းသည် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကို ရဟန်းတို့၏ သမ္မုတိမရဘဲ ရဟန်းမဟုတ်သူအား ပြောကြားငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ်သင့်၏ ဟု မိန့်တော်မူ၏။
(သမ္မုတိ = အာပတ်မပြတ်သင့်သော ရဟန်းအား နောင်အခါ စောင့်ရှောက်စိမ့်သောငှါ သုံးကြိမ်တိုင်တိုင် ပန်ကြား၍ သံဃာကပြောကြားရန် သမုတ်ခြင်း။)[၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads