ဒုတိယ ရတနာပုံမိဖုရား (ပုဂံ)
From Wikipedia, the free encyclopedia
အခြား ဆင်တူအမည်ရှိသော လူပုဂ္ဂိုလ်များ အတွက်၊ ရတနာပုံ ကို ကြည့်ပါ။
ရတနာပုံ သည် ပုဂံခေတ် နရသီဟပတေ့မင်း၏ ပထမ မိဖုရားခေါင် ဖြစ်သည်။ သူမသည် ကျစွာမင်းနှင့် မိဖုရား စောမွန်လှတို့၏ မြေး ဖြစ်ပြီး မိဖုရား သုံးလူလ၏ တူမ တော်စပ်သူ ဖြစ်သည်။[၂] နန်းတွင်းရာဇဝင်ကျမ်းတို့တွင် သူမကို မိဖုရားအဖြစ် ဖော်ပြထားခြင်းမရှိဘဲ သူမ၏ အစ်မဖြစ်သူ ရှင်လှဝန်းကိုသာ တစ်ဦးတည်းသော မိဖုရားခေါင်အဖြစ် ဖော်ပြထားသည်။[၃] သို့သော်လည်း ကျောက်စာအထောက်အထားများအရ ရတနာပုံသည် ပထမ မိဖုရားခေါင်ဖြစ်ကြောင်း သိရှိရပြီး စောလှဝန်းသည် ရတနာပုံ ကွယ်လွန်ပြီးနောက် အေဒီ ၁၂၆၂ တွင် မိဖုရားခေါင်ဖြစ်ကြောင်း သိရှိရသည်။[၂]
ရတနာပုံ | |
---|---|
မိဖုရားခေါင် | |
နန်းသက် | ၁၂၅၆–၁၂၆၂ |
နန်းတက်ချိန် | နိုဝင်ဘာ ၁၂၅၆ |
ရှေ့မင်းဆက် | သုံးလူလ |
နောက်မင်းဆက် | စောလှဝန်း |
မွေးဖွား | ၁၂၃၀ ဆယ်စုနှစ် |
ကွယ်လွန် | ၁၂၆၂ ပုဂံ |
အိမ်ထောင်ဖက် | နရသီဟပတေ့ |
စံအိမ် | ပုဂံ |
ခမည်းတော် | သရိယ်[၁] |
မယ်တော် | မင်းမိ |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
ကိုးကား
ကျမ်းပြုစာရင်း
Wikiwand - on
Seamless Wikipedia browsing. On steroids.