ဒုတိယဈာန်

From Wikipedia, the free encyclopedia

ဒုတိယဈာန်
Remove ads

ဝိတက်, ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ တည်ကြည်မှု သမာဓိကြောင့် ဖြစ်သော နှစ်သိမ့်မှု ပီတိ, ချမ်းသာမှု သုခရှိသော ဒုတိယဈာန်ဖြစ်သည်။[] []

  • (က) ၂-ခုမြောက် ဖြစ်သော ဈာန်။
  • (ခ) ၂-ကြိမ်မြောက် ရအပ်သော ဈာန်။
  • (ဂ) ၂-ကြိမ်မြောက် (ဝင်စားအပ်သော ဈာန်။ [][]

ဒုတိယဈာန်သို့

ပထမဈာန်ကို ဝသီဘော် (၅)တန်တို့၌ ဝသီမြောက်အောင် နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် အဝါးဝစွာ လေ့လာထားအပ်ပြီးသော ပထမဈာန်မှ ထ၍ –

၁။ ဤ ပထမဈာန်သမာပတ်သည် (နီဝရဏကို ပယ်ခွာရာဝယ် ပထမဦးဆုံး ဖြစ်ခြင်းကြောင့်) နီးကပ်သော နီဝရဏရန်သူ ရှိ၏၊

၂။ ဝိတက် ဝိစာရတို့၏ ရုန့်ရင်းသည်၏အဖြစ်ကြောင့် (ကျိုးပျက်လွယ်သော သဘောရှိရကား) အားနည်းသော ဈာန်အင်္ဂါ ရှိ၏၊

ဤသို့လျှင် ပထမဈာန်၌ အပြစ်ကို မြင်အောင်ရှု၍ –

၃။ ဒုတိယဈာန်ကို ငြိမ်သက်သောတရားဟု နှလုံးသွင်း၍

၄။ ပထမဈာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍ ဒုတိယဈာန်ကို ရရှိခြင်းငှာ –အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏၊ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် [အထက်ပါ ဦးတည်ချက် (၄)မျိုးဖြင့်] စူးစူးစိုက်စိုက် ရှုအပ်၏၊

ဤအဆင့်၌ အာနာပါနပဋိဘာဂနိမိတ်အာရုံကို မမှတ်ပါနှင့်၊ စိုက်သာ ကြည့်နေပါ၊ ရှုနေပါ။ ဝင်လေ-ထွက်လေဟု မှတ်နေခဲ့သော် ဝိတက္ကဝိစာရာ ဝစီသင်္ခါရော[]ဟူသည်နှင့်အညီ ဝင်လေ-ထွက်လေဟူသော မှတ်နေမှု ရွတ်ဆိုနေမှု ဝစီသင်္ခါရကို ဝိတက် ဝိစာရတို့က ပြုပြင်ပေးနေသဖြင့် ဝိတက် ဝိစာရ မပြုတ်နိုင် ရှိတတ်၏၊ ပြုတ်သွားသော်လည်း ပြန်ပြန်ဝင်နေတတ်၏၊ ထိုကြောင့် ဤဒုတိယဈာန်သို့ ကူးသည့်အပိုင်းမှစ၍ အထက်ပိုင်း ဈာန်တို့၌ မမှတ်ပါနှင့်။ အာနာပါနပဋိဘာဂနိမိတ်ကိုသာ စိုက်ကြည့်နေပါ၊ ရှုနေပါ။[]

ထိုသို့ ကြိုးစားအားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ပထမဈာန်မှ ထ၍ အာနာပါန ပဋိဘာဂနိမိတ်ကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ဈာန်အင်္ဂါတို့ကို ရှေးရှု ဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင်စဉ် ဝိတက် ဝိစာရတို့သည် ရုန့်ရင်းသောအားဖြင့် ထင်လာကုန်၏၊ ပီတိ သုခသည်လည်းကောင်း, စိတ္တေကဂ္ဂတာ (ဧကဂ္ဂတာ) သည်လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏၊ ထိုအခါ၌ ရုန့်ရင်းသော ဈာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော ဈာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထို အာနာပါနပဋိဘာဂနိမိတ်ကိုပင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေပါ၊ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်း ရှုပွားလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပီတိ သုခ ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါ သုံးပါးရှိသော ဒုတိယဈာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။[][]

Remove ads

ဒုတိယဈာန် ပါဝင်သော တရားများ

စရဏတရား ၁၅-ပါး၌ ဒုတိယဈာန် ပါဝင်သည်။[]

ကြံစည်သုံးသပ်မှု ဝိတက် ဝိစာရတို့သည် ဒုတိယဈာန်၏ ဆူးငြောင့်ဖြစ်သည်။[၁၀]

အတ္တသည် ဒုတိယဈာန်သို့ ရောက်၍ မျက်မှောက် လောကီနိဗ္ဗာန်သို့ ရောက်သည်ဟု ယူသော အယူသည် ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ ၅ မျိုး၌ ပါဝင်သည်။[၁၁]

ရဟန်းပြုရခြင်း၏ မျက်မှောက်ဘဝ ရကျိုး ၁၄ မျိုး၌ ဒုတိယဈာန်ကို ရခြင်းလည်း ပါ၏[၁၂]

မိမိသည် ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်တို့ကို ရသည် ဖြစ်၍ တပည့်တို့အားလည်း ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်တရားထူးတို့ကို ဖြစ်စေနိုင်သော ဆရာသည် အပြစ်မတင်ထိုက်သော ဆရာဖြစ်သည်။

Remove ads

ဒုတိယဈာန်ပုဂ္ဂိုလ်

ဒုတိယဈာန်ရသော ပုဂ္ဂိုလ်တို့တွင် ဒုတိယဈာန်၌ သာယာ နှစ်သက်လျက် သေလွန်သော အခါ ဒုတိယဈာန်ဗြဟ္မာ့ဘုံသို့ ကပ်ရောက်ပြီး ထိုဒုတိယဈာန် ဗြဟ္မာတို့၏ သက်တမ်းကုန်ဆုံး သဖြင့် တစ်ဖန် ငရဲ တိရစ္ဆာန် ပြိတ္တာဘုံသို့ ကပ်ရောက်ရသော ပုထုဇဉ်ပုဂ္ဂိုလ်နှင့် ထိုဒုတိယ ဈာန်ဘုံ၌ပင် ပရိနိဗ္ဗာန်ပြုသော အရိယာသာဝက ပုဂ္ဂိုလ်ဖြစ်သည်။

တနည်း

ဒုတိယဈာန် ရသော ပုဂ္ဂိုလ်သည် ထိုဒုတိယဈာန်၌ ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ စသည်ဖြင့် ရှုလျက် သေလွန်သောအခါ သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံသို့ ရောက်သော အရိယာပုဂ္ဂိုလ်ဖြစ်သည်။[၁၃]

ဒုတိယဈာန်၌ ရှိသော တရား ၁၅ မျိုး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads