ဒုတိယပါဋိဒေသနီယသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အမှု—ဆွမ်းစားစဉ် စီမံနေသော ဘိက္ခုနီကို မတားမြစ်မှု။
အမှုသည်—ဆဗ္ဗဂ္ဂီ ရဟန်းများ။
လောကွတ်ကောင်းသော ဘိက္ခုနီ
ရဟန်းတော်အများသည် ပင့်ဖိတ်ထားသော အိမ်၌ ဆွမ်းဘုဉ်းပေးနေကြလေရာ, ဆဗ္ဗဂ္ဂီရဟန်းများလည်း ပါဝင်ကြ၏၊ ဆဗ္ဗဂ္ဂီဂိုဏ်းဝင် ဘိက္ခုနီမတို့သည် ထိုအိမ်သူ အိမ်သားတို့နှင့် အကျွမ်းဝင်ရကား ဆဗ္ဗဂ္ဂီ ရဟန်းများအတွက် “ဒီမှာ ဟင်းလိုက်ကြပါ, ဒီမှာ ဆွမ်းလိုက်ကြပါ”ဟု စီမံနေကြလေသည်၊ သူတို့စီမံမှုကြောင့် ဆဗ္ဗဂ္ဂီရဟန်းအများပင် အလိုရှိတိုင်း စားကြရသော်လည်း (ဆဗ္ဗဂ္ဂီဂိုဏ်းဝင်မဟုတ်သော) အခြားရဟန်းတို့မှာ စိတ်တိုင်းကျအောင် မဘုဉ်းပေးကြရချေ၊ ထိုအကြောင်းကို သိရသော ရဟန်းတော်တို့သည် ဆဗ္ဗဂ္ဂီ ရဟန်းတို့အား “စီမံသော ဘိက္ခုနီကို မစီမံဖို့ရန် မတားမြစ်ကောင်းလား”ဟု ကဲ့ရဲ့ရှုတ်ချ၍ ဘုရားရှင်အား လျှောက်ကြခြင်းကြောင့် ဘုရားရှင်သည် ဆဗ္ဗဂ္ဂီ ရဟန်းတို့ကို စစ်ဆေးမေးမြန်း၍ အပြစ်တင်တော်မူကာ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]
Remove ads
သိက္ခာပုဒ်
ဘိက္ခူ ပနေဝ ကုလေသု နိမန္တိတာ ဘုဉ္ဇန္တိ, တတြ စေ သာ ဘိက္ခုနီ ဝေါသာသမာနရူပါ ဌိတာ ဟောတိ ‘‘ဣဓ သူပံ ဒေထ, ဣဓ ဩဒနံ ဒေထာ’’တိ။ တေဟိ ဘိက္ခူဟိ သာ ဘိက္ခုနီ အပသာဒေတဗ္ဗာ ‘‘အပသက္က တာဝ ဘဂိနိ, ယာဝ ဘိက္ခူ ဘုဉ္ဇန္တီ’’တိ။ ဧကဿပိ စေ ဘိက္ခုနော န ပဋိဘာသေယျ တံ ဘိက္ခုနိံ အပသာဒေတုံ ‘‘အပသက္က တာဝ ဘဂိနိ, ယာဝ ဘိက္ခူ ဘုဉ္ဇန္တီ’’တိ, ပဋိဒေသေတဗ္ဗံ တေဟိ ဘိက္ခူဟိ ‘‘ဂါရယှံ, အာဝုသော, ဓမ္မံ အာပဇ္ဇိမှာ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမာ’’တိ။[၁]
Remove ads
မြန်မာပြန်
ရဟန်းတို့သည် အိမ်တို့၌ ပင့်ဖိတ်အပ်ကုန်သည် ဖြစ်၍ ဆွမ်းဘုဉ်းပေးကြကုန်၏၊ ထိုဆွမ်းဘုဉ်းပေးရာ အရပ်၌ ထို(ဝတ္ထုကြောင်း၌ လာသော ရဟန်းမကဲ့သို့သော) ရဟန်းမသည် “ဤ၌ ဟင်းပေးကြပါ, ဤ၌ ထမင်းပေးကြပါ” ဤသို့ စီမံသည်ဖြစ်၍ တည်နေ့အံ့၊ ထိုဆွမ်းဘုဉ်းပေးသော ရဟန်းတို့က ထိုရဟန်းမကို တားမြစ်ရမည်၊ (အဘယ်သို့ တားမြစ်ရမည်နည်း) “နှမ အကြင်မျှလောက် ရဟန်းတွေ ဆွမ်းဘုဉ်းပေးနေကြသေး၏၊ ထိုဆွမ်းဘုဉ်း ပေးနေသမျှတော်ရာ ဖဲသွားပါဉုးလော့” ဤသို့ တားမြစ်ရမည်၊ ရဟန်းတပါး တလေသော်မှလည်း ထိုရဟန်းမကို “အပသက္က တာဝ ဘဂိနိ, ယာဝ ဘိက္ခူ ဘုဉ္ဇန္တိ”ဟု ပြော၍ တားမြစ်ဖို့ရာ အကယ်၍ စိတ်ကူးမပေါ် လာအံ့၊ ထိုရဟန်းတို့သည် “ဂါရယှံ အာဝုသော ဓမ္မံ အာပဇ္ဇိမှ အသပ္ပါယံ ပါဋိဒေသနီယံ, တံ ပဋိဒေသေမ”ဟု ဆို၍ သီးခြားဒေသနာ ပြောရမည်။[၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads