ရှင်ပညာဇောတ

From Wikipedia, the free encyclopedia

Remove ads

ရှင်ပညာဇောတ (၁၁၄၇ - ၁၂၂၂) သည် ပုဂံမင်းလက်ထက်တွင် “ဗားကရာသာသနာပိုင်ဆရာတော်ကြီး” [မှတ်စု ၁] ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[]

ဘဝ

ဆရာတော်ကို ၁၁၄၇ ခုနှစ်၊ ကဆုန်လဆုတ် ၁၃ ရက်နေ့တွင် ပုခန်းကြီးမြို့၊ ချောင်းကောက်ရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ ဦးအင်း ဖြစ်သည်။ မိဘနှစ်ပါးမှာ မြိုင်ရွာဇာတိ မောင်ကြင်နှင့် ရှင်ကြင်တို့ ဖြစ်သည်။

ရဟန်းပြုသည့်အခါ “ရှင်ပညာဇောတ” ဟူသည့် ဘွဲ့ကို ခံယူခဲ့သည်။ ၁၁၆၇ ခုနှစ်တွင် သဲအင်းဆရာတော်ကြီးထံတွင် ရဟန်းပြုခဲ့ပြီး ၁၁၇၀ ပြည့်နှစ်တွင် အမရပူရမြို့တော်သို့ ကြွရောက်ခဲ့သည်။ သာယာဝတီမင်း၏ သားတော်ကြီး တောင်တွင်းချောင်မင်းသားက ကိုးကွယ်ခဲ့သည်။[]

Remove ads

ရရှိခဲ့သည့် ဘွဲ့တံဆိပ်တော်များ

ဆရာတော်သည် သာယာဝတီမင်းလက်ထက်တွင် “ပညာဇောတာဘိသီရိသဒ္ဒမ္ဗဓဇမဟာဓမ္မရာဇဓိရာဇဂုရု” တံဆိပ်တော် ရခဲ့သည်။ ပုဂံမင်းလက်ထက် ၁၂၀၇ ခုနှစ်တွင် “ပညာဇောတာဘိဝံသ သီရပဝရာလင်္ကာရ ဓမ္မေသနာပတိမဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်နှင့် သာသနာပိုင်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

၁၂၀၀ ပြည့်နှစ်တွင် မဟာဝိဇယရာမကျောင်းတိုက်တော်ကြီးကို လှူဒါန်းခြင်း ခံခဲ့ရသည်။ မိဖုရားကြီးက ဗိမာန်ရတနာရွှေကျောင်းတော်ကြီးကိုလည်း လှူဒါန်းခဲ့သည်။

မင်းတုန်းမင်းလက်ထက်တွင် “ပညာဇောတာဘိဓမ္မသီရိကဝိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော်ကို ရခဲ့သည်။[]

Remove ads

ပြုစုခဲ့သည့် ကျမ်းများ

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုရေးသားတော်မူခဲ့သည်။

၁။ အင်္ဂုတ္တိုရ်ပါဠိတော် ၁၁ - ကျမ်းနိသျသစ်၊

၂။ အင်္ဂုတ္တိုရ်အဋ္ဌကထာနိသျ၊

၃။ သုတ်မဟာဝါအဋ္ဌကထာနိသျသစ်၊

၄။ သုတ်ပါထေယျအဋ္ဌကထာနိသျ၊

၅။ မကာရန္တဗေဒင်လက်ရိုးဗိုလ်ဋီကာ၊

၆။ ဒုကင်္ဂုတ္တရပါဠိတော်နိသျသစ်၊ ၎င်းအဋ္ဌကထာနိသျ၊

၇။ တိကင်္ဂုတ္တရပါဠိတော်နိသျသစ်၊ ၎င်းအဋ္ဌကထာနိသျ၊

၈။ စတုကင်္ဂုတ္တရပါဠိတော်နိသျသစ်၊ ၎င်းအဋ္ဌကထာနိသျ၊

၉။ ပဉ္စင်္ဂုတ္တရပါဠိတော်နိသျသစ်၊ ၎င်းအဋ္ဌကထာနိသျ၊

၁၀။ ဆက္ကင်္ဂုတ္တရပါဠိတော်နိသျသစ်၊ ၎င်းအဋ္ဌကထာနိသျ၊

၁၁။ သတ္တင်္ဂုတ္တရပါဠိတော်နိသျသစ်၊ ၎င်းအဋ္ဌကထာနိသျ၊

၁၂။ အဋ္ဌင်္ဂုတ္တရပါဠိတော်နိသျသစ်၊ ၎င်းအဋ္ဌကထာနိသျ၊

၁၃။ နဝင်္ဂုတ္တရပါဠိတော်နိသျသစ်၊ ၎င်းအဋ္ဌကထာနိသျ၊

၁၄။ ဒသင်္ဂုတ္တရပါဠိတော်နိသျသစ်၊ ၎င်းအဋ္ဌကထာနိသျ၊

၁၅၊ ဧကာဒသင်္ဂုတ္တရပါဠိတော်နိသျသစ်၊ ၎င်းအဋ္ဌကထာနိသျ။[]

ပျံလွန်တော်မူခြင်း

ဆရာတော်သည် ၁၂၂၂ ခုနှစ်၊ တန်ဆောင်မုန်းလတွင် ပျံလွန်တော်မူခဲ့သည်။[]

မှတ်စု

  1. ဘုရားကြီးဆရာတော် ရှင်ဇာဂရ၊ ရေစကြိုဆရာတော် ရှင်ဝရသမ္ဗောဓိ၊ ဗန်းမော်ဆရာတော် ရှင်ပဏ္ဍိတ၊ ငခုန်ဆရာတော် ရှင်ဒီပါလင်္ကာရ၊ အုဂ်ဖို်ဆရာတော် ရှင်ဥက္ကဝံသမာလာ တို့မှာ ဗားကရာဆရာတော်ဘုရားကြီး၏ တပည့်ရင်းများ ဖြစ်ကြသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads