ဒုတိယဗိုလ်ချုပ်ကြီး
From Wikipedia, the free encyclopedia
Remove ads
ဒုတိယဗိုလ်ချုပ်ကြီး (အင်္ဂလိပ်: Lieutenant General) ဆိုသည်မှာ စစ်ဖက်ဆိုင်ရာ အဆင့်မြင့်ရာထူးတစ်ခုဖြစ်ပြီး လက်နက်ကိုင်ဆောင်သည့်အဖွဲ့အစည်းများတွင် ခန့်အပ်သောရာထူး ဖြစ်သည်။ ယျေဘုယျအားဖြင့် တပ်မတော်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သည် ဗိုလ်ချုပ်ကြီး (General) အဆင့်အောက်တွင် ရှိပြီး ဗိုလ်ချုပ် (Major General) အဆင့်အထက်တွင် ရှိသည်။
မြန်မာ့တပ်မတော်
မြန်မာ့တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးသည် စတုတ္ထမြောက် အမြင့်ဆုံးရာထူးဖြစ်သည်။ ယင်းရာထူးတွင် ခန့်အပ်ခံရသူများသည် စစ်ဆင်ရေး မဟာဗျူဟာရေးဆွဲသူများ၊ နေပြည်တော်အဆင့် စစ်ဘက်စီမံခန့်ခွဲသူများ၊ စစ်ဘက်ဆိုင်ရာအရာရှိချုပ်ရုံးများ၏ အကြီးအကဲများ ဖြစ်ကြပြီး နေပြည်တော်စစ်ရုံးတွင် ရုံးထိုင်ကြသည်။ ခန့်အပ်သည့် စစ်ဘက်ရာထူးများမှာ အောက်ပါအတိုင်းဖြစ်ကြသည်-
- စစ်ရေးချုပ်
- စစ်ထောက်ချုပ်
- စစ်ရာထူးခန့်ချုပ်
- စစ်ဦးစီးအရာရှိချုပ်
- စစ်ဥပဒေချုပ်
- တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်
- စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်
- လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်
- ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်
- စစ်ဆင်ရေးအထူးအဖွဲ့မှူးများ
တပ်မတော်မှခန့်အပ်သော အစိုးရဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများကိုလည်း ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထက် မနိမ့်သော အရာရှိကြီးများကိုသာ ခန့်အပ်လေ့ရှိသည်။ မြန်မာ့တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခံရသူများသည် ငါးနှစ်ကာလအတွင်း ရာထူးအတိုးအပြောင်းမရှိခဲ့လျှင် စစ်ဘက်တာဝန်မရှိသည့် အရန်အင်အားသို့ပို့ဆောင်ခြင်း ခံရသည်။ မြန်မာ့တပ်မတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲဖြစ်ခဲ့လျှင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လောင်း ဖြစ်ရန် အလားအလာရှိသည့် အနိမ့်ဆုံးစစ်ဘက်ရာထူးအဆင့် ဖြစ်သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads