ဒုတိယသေနာသနသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အမှု—သံဃိကကျောင်း၌အိပ်ရာနေရာခင်း၍ မရုပ်သိမ်းဘဲသွားမှု။
အမှုသည်—သတ္တရသဝဂ္ဂီရဟန်းကလေးများ။
သတ္တရသဝဂ္ဂီတို့ မရုပ်သိမ်းမှု
လူ့ဘောင်မှစ၍ မိတ်ဆွေဖြစ်လာခဲ့ကြသော၁၇-ပါးသော ရဟန်းတို့သည် အတူသွား အတူနေ များစွာအကျွမ်း တဝင်ရှိကြလေသည်၊ ထိုရဟန်းတစုကို “သတ္တရသဝဂ္ဂိယ” ဟုခေါ်၏၊ ထိုသတ္တရသဝဂ္ဂီရဟန်းတို့သည် သံဃိကကျောင်း၌ အိပ်ရာနေရာများကိုခင်း၍ ထိုင်ကြ အိပ်ကြပြီးလျှင် အရပ်တပါးသို့ သွားကြသည့်အခါ ကိုယ်တိုင်လည်း မရုပ်သိမ်းကြ, သူတပါးကိုလည်း အသိမ်းမခိုင်းကြ, (တာဝန်ဝတ္တရားကို ရိုသေစွာ) စောင့်ရှောက် ကြည့်ရှုမည့် ရဟန်း, သာမဏေ, အာရာမ်စောင့်, ကပ္ပိယများကိုလည်း မတိုင်ကြားဘဲ သွားကြသဖြင့် (အိပ်ရာနေရာတွင် မကဘဲ) ကျောင်းကိုပါ ခြစားသောကြောင့် အခြား ရဟန်းတို့ ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]
Remove ads
သိက္ခာပုဒ်
ယော ပန ဘိက္ခု သံဃိကေ ဝိဟာရေ သေယျံ သန္ထရိတွာ ဝါ သန္ထရာပေတွာ ဝါ တံ ပက္ကမန္တော နေဝ ဥဒ္ဓရေယျ, န ဥဒ္ဓရာပေယျ, အနာပုစ္ဆံ ဝါ ဂစ္ဆေယျ, ပါစိတ္တိယံ။[၁]
မြန်မာပြန်
အကြင်ရဟန်းသည် သံဃာ့ဥစ္စာဖြစ်သော ကျောင်း၌ အိပ်ရာနေရာအခင်းကို ကိုယ်တိုင် ခင်းပြီး၍သော်၎င်း, သူတပါးကို အခင်းခိုင်းပြီး၍သော်၎င်း, ထိုအခင်းကိုအခြားတနေရာ သွားလိုသည့် အခါ၊ ကိုယ်တိုင်လည်း မရုပ်သိမ်းအံ့၊ သူတပါးကိုလည်း အရုပ်သိမ်း မခိုင်းအံ့၊ မပန်ပြောဘဲလည်း သွားအံ့၊ ထိုရဟန်းပါစိတ်အာပတ် သင့်၏။[၁]
တာဝန်ဝတ်တရား
ထိုအခင်းများကို သံဃိကကျောင်းပေါ်၌ ခင်းနေ ပြီးနောက် တခြားအရပ်သို့ ညဉ့်အိပ်သွားလိုလျှင် ကိုယ်တိုင်ဖြစ်စေ, ခိုင်း၍ ဖြစ်စေ သိမ်းထားခဲ့ရမည်၊ သို့မဟုတ် ရဟန်း, သာမဏေ, အာရာမ်စောင့် ၃-မျိုးလုံးရှိလျှင် ရဟန်းထံ, ရဟန်းမရှိလျှင် သာမဏေထံ, ရဟန်း သာမဏေမရှိလျှင်အာရာမ်စောင့်ထံ အပ်နှံပန်ပြော၍သွားရမည်၊ မည်သူမျှ မရှိလျှင် ကျောင်းဒါယကာထံ အပ်နှံ၍ကျောင်းဒါယကာက သံဃိကပစ္စည်းကို အိမ်မှာလက်မခံလိုလျှင် တနည်းနည်းနှင့် ကြံဖန်သိမ်းထား၍သွားရမည်၊ ထိုကဲ့သို့မသိမ်းဘဲသွားလျှင် ခြတက်၍ ကျောင်းပါပျက်စီးတတ်သောကြောင့် ပါစိတ်အာပတ်သင့်သည်၊ ကျောင်းတွင်းမဟုတ်ဘဲ အခြားမလုံခြုံသောနေရာ၌ ထားပစ်ခဲ့လျှင် ကျောင်းမပျက်-အခင်းများသာ ပျက်သောကြောင့် ဒုက္ကဋ်၊ [ခြလည်းတက်မည်ဟု မထင်, မိုဃ်းလည်း လုံသောကျောင်းမှသွား ရာ၌ကား မသိမ်း မပန်ဘဲ သွားခြင်းကြောင့် အာပတ်မသင့်ပါ၊ သို့ရာတွင် ရုပ်သိမ်း၍ ပန်ကြား၍သွားခြင်းမှာ ဝတ်တရားဖြစ်သည်။][၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads