ဒုတိယ ဗညားရံ
From Wikipedia, the free encyclopedia
Remove ads
မဂဒူးမင်းဆက်မှ ဒုတိယနောက်ဆုံးမင်းဖြစ်သည့် ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆)သည် ဓမ္မစေတီမင်း၏ သားတော်ဖြစ်သည်။ ထူးခြားစွာ နန်းသက်ရှည်သည့် ဘုရင်တစ်ပါးဖြစ်ကာ စိတ်ဓာတ်အားဖြင့်လည်း အလွန်အေးချမ်းသိမ်မွေ့သူ ဖြစ်သည်ဟုဆိုသည်။ သူ၏နန်းသက်တစ်လျှောက်တွင် တိုင်းပြည်သည် စစ်မက်ဘေးမရှိပဲ အေးချမ်းကာ နိုင်ငံရပ်ခြားနှင့် ဆက်ဆံမှုများကောင်းမွန်ကာ ကူးသန်းရောင်းဝယ်ရေးဖွင့်ဖြိုးသဖြင့် ဟံသာဝတီသည် ချမ်းသာသော မြို့တစ်မြို့ဖြစ်လာသည်။ စစ်မက်ရေးရာကိုစိတ်ဝင်စားမှုနည်းသကဲ့သို့ ကြိုတင်ပြင်ဆင်ရန် အားနည်းခဲ့သောကြောင့် သူ၏သားတော် သုရှင်တကာရွတ်ပိ လက်ထက်တွင် တောင်ငူမှ တပင်ရွှေထီး၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads