ဒုပ္ပဋိဝိနောဒယသုတ်

From Wikipedia, the free encyclopedia

Remove ads

[] ဖြစ်ပေါ်လာသော ရာဂ, ဒေါသ, မောဟ, ပဋိဘာန, ဂမိကစိတ္တ-ဟူသော တရားငါးမျိုးတို့ကို ပယ်ဖျောက်နိုင်ခဲ၏ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ သင့်လျော်သော အကြောင်း, သင့်လျော်သော ဆင်ခြင်မှု, ဆုံးမမှုအစရှိသည်တို့ဖြင့် ပယ်ဖျောက်နိုင်ကြောင်း ဖွင့်ပြထားပါသည်။ []


ဒုပ္ပဋိဝိနောဒယသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ဖြစ်ပေါ်လာသည့် တရားငါးမျိုးတို့ကို ဖျောက်နိုင်ခဲကုန်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[]

Remove ads

ဒုပ္ပဋိဝိနောဒယသုတ်

ရဟန်းတို့ ဖြစ်ပေါ်လာသည့် ဤတရားငါးမျိုးတို့ကို ဖျောက်နိုင်ခဲကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ’

  • ဖြစ်ပေါ်လာသည့် စွဲမက်မှု 'ရာဂ' ကို ဖျောက်နိုင်ခဲလှ၏။
  • ဖြစ်ပေါ်လာသည့် အမျက်ထွက်မှု 'ဒေါသ' ကို ဖျောက်နိုင်ခဲလှ၏။
  • ဖြစ်ပေါ်လာသည့် တွေဝေမှု 'မောဟ' ကို ဖျောက်နိုင်ခဲလှ၏။
  • ဖြစ်ပေါ်လာသည့် ဉာဏ်၌ ထင်မြင်မှုကို ဖျောက်နိုင်ခဲလှ၏။
  • ဖြစ်ပေါ်လာသည့် ခရီးသွားလိုစိတ်ကို ဖျောက်နိုင်ခဲလှ၏။

ရဟန်းတို့ ဖြစ်ပေါ်လာသည့် ဤတရားငါးမျိုးတို့ကို ဖျောက်နိုင်ခဲကုန်၏ဟု (မိန့်တော်မူ၏)။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads