ဒေသပါလ
From Wikipedia, the free encyclopedia
Remove ads
ထေဆာဘန် ခေါ် ဒေသပါလ (ထိုင်း: เทศบาล, ထိုင်းအသံထွက်: thet.saban, ထေ့ဆာဘန်, ပါဠိ: desa.pāla (ဒေသကို ကာကွယ်သူ)) သည် ထိုင်းနိုင်ငံ၏ မြူနီစီပယ် (မြို့စည်ပင်အုပ်ချုပ်ရေးအဖွဲ့)မြို့များ ဖြစ်သည်။
ထိုင်းနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေ ဖွဲ့စည်းပုံအရ ဘန်ကောက်မြို့နှင့် ပတ္တရားမြို့တို့သည် ထေဆာဘန်စနစ်တွင် မပါဝင်သည့် အထူးဒေသန္တရအုပ်ချုပ်ရေးဧရိယာများ ဖြစ်ကြသည်။
ထေဆာဘန်

ထေဆာဘန်မြူနီစီပယ်များသည် ကျေးလက်ဒေသများအတွက် ခရိုင်များ (အမ်ဖေါ - amphoe) သို့မဟုတ် ကျေးရွာအုပ်စု (တမ်ဘွန် - tambon) ကို ပေးအပ်ထားသည့် တာဝန်ဝတ္တရားအချို့ကို ထမ်းဆောင်ကြသည်။
Remove ads
သမိုင်း
သမိုင်းကြောင်းအရဆိုလျှင် ဗဟိုအစိုးရ၏ အာဏာများကို လွှဲအပ်ပေးခြင်းသည် ၁၈၉၇ ခုနှစ်တွင် ရာမ ၅ ဘုရင်၏ တော်ဝင်အမိန့်ဖြင့် ဘန်ကောက်မြို့၌ ပထမဆုံးတည်ထောင်ခဲ့သော ဆူခါဖီဘန် (สุขาภิบาล, ပါဠိ: သုခ.ဘိပါလ) ခေါ် သန့်ရှင်းရေးခရိုင်များမှ စတင်ခဲ့ခြင်းဖြစ်သည်။
ထေဆာဘန်စနစ်ကို ၁၉၃၄ ခုနှစ် တေ့ဆာဘန်အဖွဲ့အစည်းဥပဒေ (ထိုင်း: พระราชบัญญัติจัดระเบียบเทศบาล พุทธศักราช ๒๔๗๖) ဖြင့် တည်ထောင်ခဲ့ပြီး၊ ၁၉၃၉ ခုနှစ် ထေဆာဘန်ဥပဒေ (ထိုင်း: พระราชบัญญัติเทศบาล พุทธศักราช ๒๔๘๑) မှ စတင်ကာ အကြိမ်ကြိမ် ပြင်ဆင်ခဲ့သည်။ ၁၉၃၉ ခုနှစ် ဥပဒေကို ၁၉၅၃ ခုနှစ် တေ့ဆာဘန်ဥပဒေ ဖြင့် အစားထိုးခဲ့ပြီး၊ ၁၉၅၃ ခုနှစ် ဥပဒေကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၀၃ ခုနှစ် တေ့ဆာဘန်ဥပဒေ (အမှတ် ၁၂) ဖြင့် ပြင်ဆင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၆ ရက်နေ့အထိ လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြူနီစီပယ်အမျိုးအစားအားလုံးပေါင်း ၂,၄၆၉ ခု ရှိသည်။
Remove ads
မြူနီစီပယ် ခေါ် စည်ပင် အရွယ်အစား
ထိုင်းနိုင်ငံရှိ မြူနီစီပယ်များကို ၎င်းတို့၏ လူဦးရေနှင့် ဝင်ငွေအပေါ် မူတည်၍ အမျိုးအစား သုံးမျိုး ခွဲခြားထားသည်။ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၉၊ ၁၀ နှင့် ၁၁ တို့တွင် မြူနီစီပယ်များ၏ အရွယ်အစားကို အောက်ပါအတိုင်း သတ်မှတ်ထားသည်-
- ပုဒ်မ ၉။ ကျေးရွာအုပ်စု မြူနီစီပယ်များ (ထေဆဘန်တမ်ဘွန်)- ပြည်ထဲရေးဝန်ကြီးဌာနမှ ကျေးရွာအုပ်စု မြူနီစီပယ်အဖြစ် အဆင့်မြှင့်တင်ရန် ကြေညာထားသော ဒေသများ ပါဝင်သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာတွင် မြူနီစီပယ်၏ အမည်နှင့် ၎င်းတည်ရှိရာ မြူနီစီပယ်နယ်မြေကိုလည်း ဖော်ပြရမည်။
- ပုဒ်မ ၁၀။ မြို့မြူနီစီပယ် (ထေဆဘန်မောင်း) - မြို့မြူနီစီပယ်ဆိုသည်မှာ ခရိုင်ခန်းမ တည်ရှိရာ ဒေသ သို့မဟုတ် လူဦးရေ ၁၀,၀၀၀ နှင့်အထက်ရှိပြီး ဤအက်ဥပဒေအရ လိုအပ်သော တာဝန်များကို ထမ်းဆောင်ရန် လုံလောက်သော ဝင်ငွေရှိသည့် ပြည်သူလူထု စုဝေးရာ ဒေသတစ်ခုကို ဆိုလိုသည်။ ၎င်းသည် တော်ဝင်အမိန့်ဖြင့် မြို့ မြူနီစီပယ်အဖြစ် အဆင့်အတန်း သတ်မှတ်ခြင်းခံရမည်ဖြစ်သည်။ တော်ဝင်အမိန့်တွင် မြူနီစီပယ်၏ အမည်နှင့် ၎င်းတည်ရှိရာ ခရိုင်ကိုလည်း ဖော်ပြရမည်။
- ပုဒ်မ ၁၁။ မက်ထရိုပိုလစ်တန် မြို့ပြမြူနီစီပယ် (ထေဆာဘန်နခွန်) - မက်ထရိုပိုလစ်တန် မြူနီစီပယ်ဆိုသည်မှာ လူဦးရေ ၅၀,၀၀၀ နှင့်အထက်ရှိပြီး ဤအက်ဥပဒေအရ လိုအပ်သော တာဝန်များကို ထမ်းဆောင်ရန် လုံလောက်သော ဝင်ငွေရှိသည့် ပြည်သူလူထု စုဝေးရာ ဒေသတစ်ခုကို ဆိုလိုသည်။ ၎င်းသည် တော်ဝင်အမိန့်ဖြင့် မက်ထရိုပိုလစ်တန် မြူနီစီပယ်အဖြစ် အဆင့်အတန်း သတ်မှတ်ခြင်းခံရမည်ဖြစ်သည်။ တော်ဝင်အမိန့်တွင် မြူနီစီပယ်၏ အမည်နှင့် ၎င်းတည်ရှိရာ ခရိုင်ကိုလည်း ဖော်ပြရမည်။
ထေဆာဘန်နခွန်
ထေဆာဘန်နခွန် (Thetsaban Nakhon) သည် ထိုင်းနိုင်ငံတွင် မြို့ကြီးအဆင့် မြူနီစီပယ်မြို့ (city municipality) ကို ဆိုလိုပါသည်။ ၎င်းသည် မြူနီစီပယ်အဆင့် သုံးမျိုးအနက် အကြီးဆုံးအဆင့် ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ ထိုင်းနိုင်ငံတွင် ထေဆာဘန်နခွန် ခေါ် မြို့ကြီးပေါင်း ၃၃ မြို့ ရှိပါသည်။
ထေဆာဘန်နခွန်များသည် လူဦးရေ ၅၀,၀၀၀ နှင့်အထက်ရှိပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် လုံလောက်သော ဝင်ငွေရှိသည့် ပြည်သူလူထုစုဝေးရာ ဒေသများကို တော်ဝင်အမိန့်ဖြင့် အဆင့်သတ်မှတ်ပေးခြင်း ဖြစ်ပါသည်။
Remove ads
အုပ်ချုပ်ရေး
မြူနီစီပယ်တစ်ခုစီတိုင်းတွင် นายกเทศมนตรี (Nāyok Thētsamontrī, နယက.ဒေသ.မန္တီ) ဟုခေါ်သော မြို့တော်ဝန် တစ်ဦးစီရှိပြီး၊ ၎င်းမြို့တော်ဝန်သည် သက်ဆိုင်ရာ မြူနီစီပယ်နယ်မြေအတွင်းရှိ လုပ်ငန်းအားလုံးကို စီမံခန့်ခွဲသူအဖြစ် ဆောင်ရွက်သည်။ လက်ရှိတွင် မြူနီစီပယ်အမျိုးအစားအားလုံး၌ ဒေသန္တရအုပ်ချုပ်ရေးမှူးများကို တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်း မှ ပေါ်ပေါက်လာသော အုပ်ချုပ်ရေးအဖွဲ့များ ရှိသည်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads