ဒေါ့ပလာ အကျိုးသက်ရောက်မှု

From Wikipedia, the free encyclopedia

ဒေါ့ပလာ အကျိုးသက်ရောက်မှု
Remove ads

ခရစ်စတီယန် ဒေါ့ပလာ ကို ကိုယ်စားပြု၍ ခေါ်ဆိုသော Doppler effect ဆိုတာကတော့ လှိုင်းပြုရာ ဗဟိုက နားထောင်သူနဲ့ တဖြည်းဖြည်းဝေးသွားတဲ့အချိန်မှာပဲဖြစ်ဖြစ် နီးလာတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ တစ်နည်းအားဖြင့် နားထောင်သူက Sound source နဲ့ တဖြည်းဖြည်းဝေးသွားတဲ့အချိန်မှာပဲဖြစ်ဖြစ် နီးလာတဲ့အချိန် မှာပဲဖြစ်ဖြစ် ကြိမ်နှုန်း ထဲမှာ သိသိသာသာပြောင်းလဲသွားတဲ့ အပြောင်းအလဲကို ခေါ်ပါတယ်။ Sound source လို့ပြောတာက ဥပမာအနေနဲ့ ပြောလိုက်တာပါ။ Wave တစ်ခုပါ။ ဒီနိယာမသဘောတရားကို ရှာဖွေတွေ့ရှိခဲ့တာကတော့ ဂျာမနီသိပ္ပံပညာရှင် Christian Doppler ဖြစ်ပါတယ်။ ဥပမာအနေနဲ့ လေ့လာမဲ့ အသံလှိုင်း တစ်ခုရဲ့ Frequency နဲ့ Wavelength ဟာ ကိန်းသေတွေဖြစ်နေကြတယ် ဆိုကြပါစို့။ အကယ်၍ အသံလှိုင်းကိုထုတ်မဲ့ Source ကလည်း ရွေ့လျားမနေဘူး၊ ဖမ်းမဲ့ Receiver ကလည်း ရွေ့လျားမနေဘူးဆိုရင် Receiver က ဖမ်းမိမယ့်ကြိမ်နှုန်းဟာလည်း ပြောင်းလဲမှုရှိမှာမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုရင် အသံ Source ကနေ ထုတ်လိုက်တဲ့အတိုင်း တစ်မိနစ်မှာ လှိုင်းအရေအတွက်ဘယ်လောက်ဆို ဘယ်လောက် Receiver က ကွက်တိပြန်ဖမ်းမိလို့ပါ။ အကယ်၍ အသံ Source ကပဲဖြစ်ဖြစ် Receiver ကပဲဖြစ်ဖြစ် အခြားတစ်ခုရှိရာကိုရွေ့လျားလာမယ်ဆိုရင် Receiver က ခုန နှစ်ခုလုံးရွေ့လျားမနေတုန်းကမိတဲ့ ကြိမ်နှုန်းထက် ပိုများတဲ့ကြိမ်နှုန်းကို မိမှာပါ။ အသံနဲ့နီးရာကိုပဲ ကိုယ်ကသွားသွား အသံကပဲ ကိုယ်နဲ့နီးရာကိုပဲလာလာ ကြားနေရတဲ့အသံ ပိုကျယ်လာမယ်။ ဒီသဘောပါပဲ။ ပြောင်းပြန်အားဖြင့်ဝေးတဲ့ဘက်ကို တစ်ခုခုက သွားမယ်ဆိုရင် Receiver က ခုန နှစ်ခုလုံးရွေ့လျားမနေတုန်းကမိတဲ့ကြိမ်နှုန်းထက် နည်းတဲ့ကြိမ်နှုန်းကို မိမှာပါ။ ဒါလည်းရှင်းပါတယ်။ အသံနဲ့ဝေးရာကို ကိုယ်ကသွားသွား အသံကပဲကိုယ်နဲ့ဝေးရာကိုသွားသွား ကြားနေရတဲ့အသံ တိုးသွားမှာပါ။

Thumb
လှိုင်းပြုရာ ဗဟိုသည် ဘယ်ဖက်သို့ရွေလျှာသွားသည်။ ကြိမ်းနှုန်း သည် ညာဖက်တွင် ဘယ်ဖတ်ထက် မြင့်သည်
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads