ဒေါ်အုန်း

မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ပါဠိပါမောက္ခ From Wikipedia, the free encyclopedia

Remove ads

ဒေါ်အုန်း (၁၉၁၃-၂၀၀၃)သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ပါဠိပါမောက္ခ ဖြစ်သည်။ [] မန္တလေးဥပစာကောလိပ်အား သီးခြားတက္ကသိုလ်အဖြစ် ရပ်တည်လာနိုင်ကြိုးစားသူများထဲ ဦးကိုလေးနှင့်အတူ အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့၍ မန္တလေးတက္ကသိုလ် တည်ထောင်သူ၊ ပါဠိ(အရှေ့တိုင်းပညာဌာန)၊ မန္တလေးတက္ကသိုလ်၏မိခင်ကြီး အဖြစ် တင်စားခံရသည်။ သူသည် စစ်ကြိုခေတ်ကာလ ထင်ရှားသည့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ လွတ်လပ်ရေးတိုက်ပွဲဝင်စာရေးဆရာ၊ နိုင်ငံရေးသမားတစ်ဦးအဖြစ်လည်း ထင်ရှားသည်။ သူ့ကို ရဲရဲတောက် သပိတ်မှောက် ကျောင်းသူ ရွှေမန်းသူ မအုန်း အဖြစ်လည်းကောင်း၊ စစ်ပြီးခေတ် တွင် အမ်အေမအုန်း၊ ပါဠိဒေါ်အုန်းဟူ၍ လည်းကောင်း သိကြသည်။

အချက်တိုများ အမ်၊အေ ဒေါ်အုန်း, မွေးဖွား ...
Remove ads

ငယ်ဘဝ

၁၉၁၃ ခုနှစ် ဇူလိုင်လ ၆ ရက် တွင် မန္တလေးမြို့ ကဉ္စဏီမဟီရပ်ကွက် တရုတ်တန်းတွင် မွေးဖွားသည်။ဖခင်ဖြစ်သူမှာ ဦးကျော်ရာ ဖြစ်ပြီး မိခင်ဖြစ်သူ မှာ ဒေါ်ခင် ဖြစ်သည်။သူသည် မွေးချင်းရှစ်ယောက်အနက် သတ္တမမြောက်သမီး ဖြစ်သည်။ []

ပညာရေး

သူမအသက် ၁၂နှစ် အရွယ် ၁၉၂၅ ခုနှစ် တွင် အမျိုးသမီးနေရှင်နယ်ကျောင်း၌ စတင်ပညာသင်ကြားသည်။ ၁၉၃၀ ပြည့်နှစ်တွင် ပါဠိနှင့် သင်္ချာ နှစ်ဘာသာဂုဏ်ထူးဖြင့် အမျိုးသားနေရှင်နယ်ကျောင်း မှနေ၍ ဆယ်တန်းအောင်သည်။ဆက်လက်၍ မန္တလေးဥပစာကောလိပ် သို့တက်ရောက်သည်။အဆိုပါကောလိပ်မှ ပါဠိနှင့် သဘာဝတ္ထ(ယုတ္တိဗေဒ) နှစ်ဘာသာဂုဏ်ထူးဖြင့် ဥပစာ တန်း(အိုင်အေ) အောင်မြင်သည်။ ၁၉၃၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပါဠိဝိဇ္ဇာဂုဏ်ထူးတန်း သို့ တက်ရောက်ကာ ၁၉၃၈ ခုနှစ် တွင် ပါဠိမဟာဝိဇ္ဇာဘွဲ့ ဂုဏ်ထူးရရှိသည်။[]

Remove ads

တာဝန်ထမ်းဆောင်ခဲ့မှုများ

  • ရန်ကုန်တက္ကသိုလ် ပါဠိဌာန နည်းပြ (၁၉၃၆-၁၉၄၁)
  • မန္တလေးဥပစာ ကောလိပ် ပါဠိဌာန လက်ထောက်ကထိက(၁-၆-၁၉၄၇ မှ ၃၁-၅-၁၉၄၈)
  • မန္တလေး ဒီဂရီကောလိပ် ပါဠိဌာန လက်ထောက် ကထိက(၁-၆-၁၉၄၈ မှ ၃၁-၅-၁၉၅၁)
  • မန္တလေးတက္ကသိုလ် ပါဠိကထိက(၁-၆-၁၉၅၁ မှ ၁၈-၈-၁၉၅၈)
  • မန္တလေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး(၁-၁၀-၁၉၅၇ မှ ၁-၄-၁၉၅၈)[]
  • မန္တလေး တက္ကသိုလ်၏ ပထမဆုံးသော ဝိဇ္ဇာမဟာဌာနမှူး(၂၁- ၁၁- ၁၉၅၈မှ၁၁-၁၁-၁၉၆၆)
  • သီးခြားတက္ကသိုလ် ပါဠိဌာန ပါမောက္ခ(၁၉-၈-၁၉၅၈ မှ ၁၁-၁၁-၁၉၆၆)
  • ထောင်စစ်ဆေးရေး အကြီးအကဲ (၁၉၄၉ မှ ၁၉၅၁)
  • မန္တလေးအနုပညာနှင့်ပန်တျာကျောင်းတွင် အုပ်ချုပ် ရေးအဖွဲ့ဝင်(၁၉၅၂ မှ ၁၉၅၈)


အမျိုးသားရေးလှုပ်ရှားမှုများ

သူသည် မန္တလေး အိမ်တော်ရာဘုရားဝင်းအတွင်း ၁၉၃၁ ခုနှစ် ဩဂုတ်လက ကျင်းပခဲ့သည့် ပြည်လုံးကျွတ် အမျိုးသမီး ညီလာခံ တွင် အတွင်းရေးမှူး အဖြစ် တာဝန်ယူသည်။ယင်းအပြင် မန္တလေးဥပစာကောလိပ်ကို ဖျက်သိမ်းပစ်မည်ဆိုသော ရန်ကုန်တက္ကသိုလ် အာဏာပိုင်တို့၏ ရာဇသံပေးမှုအပေါ် ဆန့်ကျင် ကန့်ကွက်ဆန္ဒပြကြရာ ဦးဆောင်သူထဲ သူ ပါဝင်သည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဦးနု တို့ ကျောင်းသားဘဝ ၁၉၃၆ ခုနှစ်တွင် ထိုသူတို့ တက္ကသိုလ်မှ ထုတ်ပယ်ခံရချိန် ပေါ်ပေါက်လာသောသပိတ် တွင်လည်း ဒေါ်အုန်းသည် သပိတ်စခန်းရုပ်သိမ်းသည်အထိ တက်ကြွစွာ ပါဝင်သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၃ ခုနှစ်အထိ အင်းဝမြို့တွင် စစ်ပြေးအဖြစ် ခိုလှုံနေစဉ် အင်းဝဂုဏ်ရည်အမည်ဖြင့် စေတနာကျောင်းဖွင့်ကာ သခင်အေးမောင်လေး၊ ဦးကြည်မြ၊ ဒေါ်နှင်းဦးတို့နှင့်အတူ လူငယ်၊ လူရွယ်များ၏ ပညာ တတ်မြောက်ရေးကို အခမဲ့သင်ကြားသည်။သူမသည် ရန်ကုန်အာရှလူငယ် အစည်းအရုံးဗဟိုဌာနချုပ်၏ အမျိုးသမီးဥက္ကဋ္ဌအဖြစ် ၃၀-၈-၁၉၄၃ မှ ၄-၁-၁၉၄၅ အထိ လည်းကောင်း၊ ၁၉၄၅ ဖက်ဆစ်ဆန့်ကျင်ရေး အဖွဲ့တွင် ပထမဆုံးအမျိုးသမီးအမှုဆောင် အဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည်။

Remove ads

ထင်ရှားသည့် ဆောင်ရွက်ချက်များ

ပါဠိစာပေသမိုင်း(၁၉၅၀) အပါအဝင် ဌာနသုံးပါဠိသဒ္ဒါ ကျမ်းများ နှင့် ဘာသာဗေဒကျမ်းများကို ရေးသားပြုစုခဲ့သည့်အပြင် အင်္ဂလန်နိုင်ငံပါဠိကျမ်းစာအဖွဲ့ (PTS) အတွက် ၁၉၅၆ ခုနှစ်တွင် စရိယပိဋက အဋ္ဌကထာကျမ်းကို ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခဲ့သည်။[]

ဘဝနိဂုံး

၂၀၀၃ ခုနှစ် နိုဝင်ဘာ ၂၈ရက်တွင် ကွယ်လွန်သည်။

ရေးသားထုတ်ဝေခဲ့သော လုံးချင်းစာအုပ်များ

  • ဆိုဗီယက် လောက (၁၉၄၃)
  • မိန်းမကိစ္စ
  • မလောက(၁၉၄၄-၁၉၄၅)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads