ဒြပ်ပေါင်း

From Wikipedia, the free encyclopedia

Remove ads

ဒြပ်ပေါင်းသည် ဒြပ်စင်နှစ်မျိုး သို့မဟုတ် နှစ်မျိုးအထက် စုတွဲသော မော်လီကျူးများ စုဝေး၍ ဖြစ်စေ ပေါ်ပေါက်လာသော ဒြပ်သားစု ဖြစ်သည်။ ရိုးစင်းသည့် ဒြပ်ပစ္စည်းများအဖြစ် ထပ်မံခွဲခြား၍မရပေ။ ဒြပ်ပေါင်းများသည် သီးခြားသတ္တိနှင့် ဖွဲ့စည်းပုံရှိကြသည်။ ဒြပ်ပေါင်းများတွင် အက်တမ်များ တိကျသည့် အချိုးအဆအလိုက်ပါဝင်ပြီး အချင်းချင်း ဓာတုစည်း (chemical bond) ဖြင့် ဆွဲငင်ထားပြီး စနစ်တကျ စီစဉ်ဖွဲ့စည်းထားသည်။ ဒြပ်ပေါင်းများသည် ဖက်စပ်စည်း (covalent bond)ဖြင့် ဖွဲ့စည်းထားသည့် ဒြပ်ပေါင်းမော်လီကျူးအိုင်ယွန်းနစ်စည်း (ionic bond)ဖြင့် ဖွဲ့စည်းထားသည့် ဆားသတ္တုစည်း (metallic bond)ဖြင့် ဖွဲ့စည်းထားသည့် သတ္တုဒြပ်ပေါင်း သို့ ကိုဩဒနိတ် ဖက်စပ်စည်း (coordinate covalent bond) ဖြင့် ဖွဲ့စည်းထားသည့် ကွန်ပလက်စ် (complex) များဖြစ်နိုင်သည်။ ဒြပ်စင် သို့ မဟုတ် အက်တမ်တစ်မျိုးတည်းသာပါဝင်သည့် ဒြပ်စင်မော်လီကျူးများဖြင့် ဖွဲ့စည်းထားသည့် ဒြပ်ပစ္စည်းများအား ဒြပ်ပေါင်းဟု မသတ်မှတ်နိုင်ပါ။ []

Remove ads

အကျယ်ဖွင့်ဆိုချက်

အထက်ဖော်ပြပါ ဖွင့်ဆိုချက်တွင် ချွင်းချက်အချို့ရှိသည်။ ပုံဆောင်ခဲ ဒြပ်ပေါင်းတချို့သည် non-stoichiometric ဒြပ်ပေါင်းများ ဖြစ်ကြသည်။ ပုံဆောင်ခဲအတွင်း ပိတ်မိနေသည့် အက်တမ်အချိုးအဆကိုလိုက်၍ ကွဲပြားမှုရှိသည်။ အချို့ဒြပ်ပေါင်းများတွင် ဓာတုသင်္ကေတအားဖြင့် ထပ်တူဖြစ်သော်လည်း အလေးချိန်မတူသည့် အိုင်ဆိုတုပ်များဖြင့် ဖွဲ့စည်းထားသောကြောင့် အလေးချိန် မသိမသာ ကွဲပြားမှုရှိသည်။ ထို့ကြောင့် ဒြပ်ပေါင်းများသည် လုံးဝတသားတည်းမဖြစ်နိုင်သော်လည်း စမ်းသပ်မှုများတွင် ပိုမိုရိုးစင်းစေရန် မော်လီကျူးတိုင်း တထပ်တည်း ဖြစ်သည်ဟု ယူဆလေ့ရှိသည်။

Remove ads

ဒြပ်ပေါင်းနှင့် ဒြပ်နှော

ဒြပ်ပေါင်းများတွင် ပါဝင်ဖွဲ့စည်းသည့် ဒြပ်စင်များအလိုက် ရုပ်သတ္တိ၊ ဓာတ်သတ္တိ မတူညီကြပါ။ ဤအချက်သည် ဒြပ်ပေါင်းအား ဒြပ်နှောမှ ခွဲခြားသည့် အခရာကျသည့် သတ်မှတ်ချက်တစ်ရပ်ဖြစ်သည်။ ဒြပ်နှောများ၏ သတ္တိများသည် ဖွဲ့စည်းပါဝင်သည့် ဒြပ်ပစ္စည်များ၏ သတ္တိနှင့် ယေဘုယျအားဖြင့် ဆင်တူသည်၊ ဆက်စပ်မှုရှိသည်။ နောက်သတ်မှတ်ချက်တစ်ရပ်မှာ ဒြပ်နှောတွင် ပါဝင်သည့် ပစ္စည်းများအား ရေကဲ့ယူခြင်းစသည့် ရိုးစင်းသည့်နည်းလမ်းများဖြင့် ခွဲယူနိုင်သည်။ ဒြပ်ပေါင်းများမှာမူ ဤသို့ ခွဲယူရန် လွန်စွာခဲယဉ်းသည်။ ဒြပ်ပေါင်းဖြစ်ပေါ်လာချိန်တွင် ဓာတ်ပြုမှုမှ ဓာတ်သတ္တိ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။

ဒြပ်ပေါင်းဟု ထင်ယောင်ထင်မှားဖြစ်စေသည့် ဒြပ်နှောတစ်မျိုးမှာ သတ္တုစပ်ဖြစ်သည်။ သတ္တုစပ်များအား များသောအားဖြင့် အပူပေးကာ အလျင်အမြန်ရစ်ခွေသည့် နည်းဖြင့် ပြုလုပ်လေ့ရှိသည်။ ဘယ်လိုပင်ဖြစ်စေ ဒြပ်ပေါင်းနှင့် ဒြပ်နှော တိတိကျကျ မခွဲခြားနိုင်သည်လည်း ရှိသည်။ ဥပမာ အမိုနီးယားဖြင့် ဖျော်ထားသော သတ္တုအယ်လ်ကာလီပျော်ရည်။

Remove ads

ကျမ်းကိုး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads