ဒွိုက် ဒေးဗစ် အိုင်ဆင်ဟောင်ဝါ

From Wikipedia, the free encyclopedia

ဒွိုက် ဒေးဗစ် အိုင်ဆင်ဟောင်ဝါ
Remove ads

အမေရိကန်ပြည်ထောင်စု၏ (၃၄)ယောက်မြောက် ဒွိုက် ဒေးဗစ် အစ်ကီ အိုင်စင်ဟောင်ဝါအား ၁၈၉၀ပြည့်နှစ်၊ အောက်တိုဘာလ၊ ၁၄ ရက်နေ့က တက္ကဆပ်ပြည်နယ်၊ ဒနီဆန်တွင်ဖွားမြင်သည်။ ဖခင် ဒေးဗစ်ဂျက်ကော့ဘ် နှင့် မိခင် အိုင်ဒါအဲလိဇဘတ် အိုင်စင်ဟောင်ဝါတို့မှ ဖွားမြင်ကာ အလယ်နာမည် အစ်ကီမှာ ချစ်စနိုးဖြင့် ခေါ်တွင်သည့် အမည်ဖြစ်သည်။

ဒွိုက် ဒေးဗစ် အိုင်ဆင်ဟောင်ဝါ
Dwight D. Eisenhower
Thumb
မွေးနေ့ ၁၄၊ အောက်တိုဘာ၊ ၁၈၉၀
မွေးရပ် ဒနီဆင် တက္ကဆက်ပြည်နယ်
ကွယ်လွန်နေ့ ၂၈၊ မတ်၊ ၁၉၆၉
ကွယ်လွန်ရပ် ဝါရှင်တန်ဒီစီ
အခြားအမည် အစ်ကီ
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၃၄ ဦးမြောက်သမ္မတ
အလုပ်အကိုင် စစ်ဗိုလ်ချုပ်၊ အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၂၀၊ဇန်နဝါရီ၊၁၉၅၃- ၂၀၊ဇန်နဝါရီ၊ ၁၉၅၆
ဒုတိယ သမ္မတ ရစ်ချက် နစ်ကဆင်
လွှဲအပ်သူ ဟယ်ရီ ထရူးမန်း
ဆက်ခံသူ ဂျွန် ဖဇ်ဂရက်ဒ်ကနေဒီ
နိုင်ငံသား အမေရိကန် နိုင်ငံ

ကန်းဆက်စ်ပြည်နယ် အဘီလီနီအရပ်ရှိလယ်ယာလုပ်ငန်းတွင် ကြီးပြင်းခဲ့ပြီး အထက်တန်းအောင်မြင်ပြီးနောက်တွင် ဝက်စ်ပွိုင့်စစ်တက္ကသိုလ်သို့ တက်ရောက်ပြီး နောက် စစ်မှုထမ်းခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းတွင် စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်ခံခဲ့ရသည်။ မာမီနှင့် လက်ထပ်ခဲ့သည်။

၁၉၂၈ခုနှစ်တွင် ကြည်းတပ်စစ်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ပြီးနောက် ၁၉၃၅-၁၉၃၉အတွင်း ဖိလစ်ပိုင်နိုင်ငံရှိ ဗိုလ်ချုပ်ကြီး ဒေါက်ကလပ် မက်ခ်အာသာ၏ စစ်ဦးစီးအဖွဲ့တွင် အမှုထမ်းခဲ့သည်။ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ခုနှစ်တွင် ဗိုလ်မှူးချုပ်ရာထူးသို့ တိုးမြှင့်ခံရပြီး၊ ၁၉၄၂ခုနှစ်တွင် ဥရောပ အမေရိကန် လက်နက်ကိုင်တပ်များ၏ တပ်မှူးကြီးဖြစ်လာသည်။ ၁၉၄၂တွင် မဟာမိတ်တပ်များ မြောက်အမေရိကကမ်းခြေဒေသအား ကမ်းတက်တိုက်ခိုက်ရာတွင် စစ်ဆင်ရေးအားဦးစီးကွပ်ကဲသူ တပ်မှူးကြီးဖြစ်လာသည်။ ၁၉၄၄၊ ဇွန်၊ ၆တွင်ဆင်နွှဲသော နော်မန်ဒီကမ်းတက်တိုက်ပွဲတွင်လည်း ဆက်လက်ဦးစီးကွပ်ကဲသည်။ ၁၉၄၃ခုနှစ်တွင် မဟာမိတ်နိုင်ငံခြားတပ်ပေါင်းစု၏ အကြီးအကဲ တပ်မှူးချုပ်ဖြစ်လာခဲ့သည်။ ထိုနှစ် ဒီဇင်ဘာ၊ ၂၀တွင် အမေရိကန် ကြည်းတပ်မတော်တွင် ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးအဖြစ် အစမ်းခန့်အပ်တာဝန်ပေးခံရပြီးနောက် ၁၉၄၆တွင် ထိုရာထူးတွင် အမြဲခန့်အပ်ခံရသည်။ ၁၉၄၅၊မေ၊၇တွင် ရိုင်း၌ပြုလုပ်သော နာဇီဂျာမနီတို့၏ လက်နက်ချပွဲအခမ်းအနားတွင် မဟာမိတ်များ၏ ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့သည်။ အမေရိကန်နိုင်ငံသို့ ပြန်ရောက်သောအခါ စစ်ဦးစီးချုပ် အဖြစ် (၁၉၄၅-၁၉၄၈) အတွင်း တာဝန်ထမ်းရွက်ခဲ့သည်။ စစ်တွင်းကိုယ်တွေ့ဖြစ်ရပ်များကို Crusade in Europe အမည်ဖြင့် ၁၉၄၈တွင် စာအုပ်ရေးသားထုတ်ဝေရာ အရောင်းရဆုံးစာအုပ်စာရင်းဝင်ခဲ့သည်။ ၁၉၄၈တွင် ကိုလံဘီယာတက္ကသိုလ်၏ အဓိပတိ၊ ၁၉၅၀တွင် နေတိုးစစ်မဟာမိတ်အဖွဲ့၏ ဦးစီးချုပ် စသည့်ရာထူးများကိုလည်း ထမ်းဆောင်ခဲ့သည်။

တပ်မှထွက်ပြီးနောက်တွင် ရီပါပလီကန်ပါတီဝင်ဖြစ်လာပြီး နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၅၂ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်ခြင်းခံရသည်။

နိုင်ငံရေးအယူအဆများတွင် အိုင်ဆင်ဟောင်ဝါသည် လွတ်လပ်မှုရှိသူတစ်ဦးအဖြစ်ခံယူထားပြီး စီးပွားရေးတွင်လည်း လွတ်လပ်သည့်ဈေးကွက်စနစ်ကို လက်ခံယုံကြည်သည်။ စစ်ရေးတွင်လည်း စစ်ဗိုလ်ချုပ်တစ်ဦးအမြင်ဖြင့် စနစ်တကျတည်ဆောက်သည်။ တိုက်ချင်းပစ်ဒုံးပျံများကို အဆင့်မြှင့်တင်ခြင်းသည် ထင်ရှားသည့် လုပ်ဆောင်ချက်ဖြစ်သည်။ နိုင်ငံတကာရေးရာများတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။ ကိုရီးယားစစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ပြီး အရှေ့တောင်အာရှစစ်ရေးမဟာမိတ်အဖွဲ့ (ဆီးတိုး)ကို အခိုင်အမာထောက်ခံသည်။ အီဂျစ်နိုင်ငံအား ပြင်သစ်နှင့် အင်္ဂလန်တပ်များ ဝင်ရောက်တိုက်ခိုက်တပ်စွဲသည့်အခါ ကုလသမဂ္ဂ၏ ရှုံ့ချသည့်အဆိုအား ထောက်ခံခဲ့သည်။ ဆိုဗီယက်နှင့် အမေရိကန် နှစ်နိုင်ငံလုံးပါဝင်သည့် “Open Skies’’ မူဝါဒအား သဘောတူသည်။ သမ္မတရာထူးမှ အနားယူပြီးနောက် ၁၉၆၉၊ မတ်လ၊ ၂၈ ရက်တွင် ဝါရှင်တန် ဒီစီတွင်ပင် ကွယ်လွန်ခဲ့သည်။


Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads