ဓမ္မစေတီ

ဟံသာဝတီဘုရင် From Wikipedia, the free encyclopedia

Remove ads

ဓမ္မစေတီမင်းသည် မဂဒူးမင်းဆက်တွင် ရှင်စောပု ပြီးနောက် နန်းတက်သည့် ၁၆ ဆက်မြောက်မင်းဖြစ်သည်။ နန်းတက်သည့် ဘွဲ့အမည်မှာ ရာမာဓိပတိ ဖြစ်သည်။[] သာသနာတော် သန့်ရှင်းတည်တံ့ရေးအတွက် ၎င်း၏ကြိုးပမ်းမှုများကြောင့် ကျော်ကြားသည်။ နန်းတက်ပြီးမကြာမှီ မယားညီအစ်ကိုဖြစ်သည့် ပုသိမ်စား ဗညားအိမ်၏ ပုန်ကန်မှုကိုနှိမ်နှင်းရသေးသည်။ ထို့နောက် မိမိနိုင်ငံအတွင်း သာသနာစစ်မှန်စွာတည်တံ့ရေးကို လုံ့လပြုလေသည်။ သိမ်ဝင်ရဟန်းဖြစ်သော်လည်း သိမ်မစင်ကျယ်လျှင်၊သိက္ခာပေးသူ သံဃာများ မစင်ကျယ်လျှင် ရဟန်းအဖြစ်ကိုမရနိုင်ဟု သတ်မှတ်သည်ကြောင့် လည်းကောင်း၊ မိမိနိုင်ငံတွင်းတွင် ရဟန်းစစ်များမရှိတော့ဟု ယူဆသည့်အတွက်လည်းကောင်း သီရိလင်္ကာသို့ ရဟန်းများကို သင်္ဘောဖြင့်စေလွှတ်ပြီး သိက္ခာထပ်ခြင်းကို ပြုစေသည်။ ရာမည သို့ ထိုရဟန်းများ ပြန်ရောက်လျှင် အကြီးအမှူး အဖြစ်ခန့်ကာ အခြားရဟန်းများကို သိက္ခာထပ်စေသည်။ ထိုသို့ သိက္ခာထပ်ပွဲကျင်းပနိုင်ရန် သိမ်အသစ်ကို တည်ဆောက်ပေးသည်။ ကလျာဏီသိမ် ဟုသမုတ်သည်။ ကမ္ဘာ အကြီးဆုံး ဓမ္မစေတီ ခေါင်းလောင်းကြီး ကို သွန်းလုပ်လှူဒါန်းခဲ့သည်။ နတ်ရွာစံလျှင် သားဖြစ်သူ ဗညားရံ နန်းတက်သည်။

Remove ads

ထင်ရှားသော သာသနာပြုလုပ်ငန်းများ

  1. ဘုရင်မကြီးရှင်စောပုလှူဒါန်းထားသော ရွှေတိဂုံစေတီ ဝတ္တကမြေသည် ကျယ်လွန်းလှသဖြင့် ပြန်လည်ချုံ့လိုက် သည်။ ထိုသို့ချုပ်လိုက်သည့်အတွက် ရွှေအချိန် (၂၅)ပိဿာကို ရွှေတိဂုံစေတီသို့ လှူဒါန်းသည်။ အချိန်ပိဿာ (၅၀၀)ရှိကြေးခေါင်းလောင်း (၁)လုံးနှင့် သီဟိုရ်ကျောက်ပြား (၅၀၀၀၀)ခင်းပြီး လှူဒါန်းသည်။
  2. ရွှေမော်ဓောစေတီတော်ကို ဉာဏ်တော်အမြင့်(၁၈၅)တောင်ရှိလာစေရန်(၃)တောင်မြှင့်ပြီး တည်ဆောက်သည်။ မင်းနှင့် မိဖုရားတို့၏ ကိုယ်အချိန်နှင့်ညီမျှသော ရွှေ(၆၇)ပိဿာကို စေတီတော်သို့ လှူဒါန်းပြီး ရင်ပြင်တော်ကိုလည်း သီဟိုရ်ကျောက်ပြား(၅၀၀၀၀)ခင်းပြီး လှူဒါန်းသည်။
  3. မဟာထေရ်(၂၂)ပါး၊ တပည့်ရဟန်း(၂၂)ပါးတို့ကို အစုအဖွဲ့(၂)ခု ဖွဲ့ကာ သီဟိုဠ်သို့စေလွှတ်ပြီး သီဟိုဠ်မဟာ ထေရ်ရဟန်းတော်တို့ ဥပ္ပဇ္ဈယ်ပြုပြီး ကလျာဏီမြစ်ဖောင်သိမ်ပေါ်တွင် စင်ကြယ်သောရဟန်းတော်များအဖြစ် ပြန်လည်ခံယူစေသည်။ အဆိုပါရဟန်းများ ဟံသာဝတီသို့ ပြန်လည်ရောက်ရှိလာသည့်အခါ ဂိုဏ်းရဟန်း(၈၀၀)ပါး၊ ရဟန်းငယ်အပါး(၁၄၂၆၅)၊ သာမဏေအသစ်(၆၀၁)ပါး၊ စုစုပေါင်း(၁၅၆၆၆)ပါးတို့ကို သန့်ရှင်းသော သာသနာ တွင်တည်စေပြီး သာသနာတော်ကိုလည်းသန့်ရှင်းစင်ကြယ်စေသည်။ သောဏထေရ်နှင့် ဥတ္တရထေရ်တို့မှ အစပြုခဲ့ သည့် အကွဲကွဲအပြားပြားဖြစ်လျက်ရှိသော ရာမညနိကာယ သံဃာ့ဂိုဏ်းကိုလည်း ဟံသာဝတီတွင် တစ်ခုတည်း သော သံဃာဂိုဏ်းအဖြစ် ပြန်လည်စုစည်းခဲ့သည်။
  4. ဂန္ထဓုရ၊ ဝိပဿနာဓုရတို့နှင့် ပြည့်စုံသောရဟန်းတော်များ၊ ကျွမ်းကျင်သော ပန်းရံ၊ ပန်းချီ၊ ဗိသုကာပညာရှင်များ ကို မာရ်နတ်ကို အောင်မြင်သည့် ဘုရားပွင့်တော်မူရာဒေသသို့ စေလွှတ်ကာ မဇ္ဈိမဒေသပုံတော်များအားလုံးကို ရေးဆွဲကူးယူပြန်လည်ယူဆောင်စေခဲ့ပြီး ဟံသာဝတီတွင် တည်ဆောက်ကုသိုလ်ပြုတော်မူသည်။
  5. ဟံသာဝတီသတ္တဌာန၊ ကျိုက်ပွန်၊ ကျိုက်ဨနန်၊ ကျိုက်ကလွန်ပွန်၊ ကျိုက်မော့ပွန်၊ ကျိုက်တလဲ၊ ကျိုက်ဒေးဗဇေး၊ ကျိုက်မာရ်အောင်၊ ကျိုက်မိုးညက်တို့ကို တည်ထားသာသနာပြုတော်မူသည်။
  6. ကျိုက်ပွန် ပတ်ဝန်းကျင်တစ်ဝိုက်တွင် ရေတွင်းပေါင်း(၃၅၀)၊ ရေကန်ပေါင်း(၁၅)ကန် တူးဖော်ပြီးကောင်းမှု ပြုသည်။
  7. ကျောင်းကြီး(၄)ကျောင်း၊ ကျောင်းရံ(၄၀၀)ဆောက်လုပ် လှူဒါန်းသည်။
  8. သက္ကရာဇ်(၈၃၈)ခုနှစ်တွင် ဟံသာဝတီအနောက်ဘက်၌ ကလျာဏီသိမ်တော်ကိုလည်းကောင်း၊ မွန်ဒေသအနှံ့ သိမ်ပေါင်း(၃၉၇)လုံးကိုလည်းကောင်း၊ သာသနာတော်သန့်ရှင်းစင်ကြယ်ရေးအတွက် ဆောက်လုပ်လှူဒါန်းသည်။
  9. “အဝိန္ဒဆောက်” အမည်ရ ကြေးပိဿာချိန်(၁၈၀၀၀၀)ရှိ ခေါင်းလောင်းကြီးကို သွန်းလုပ်ပြီး သက္ကရာဇ်(၈၃၈) ခုနှစ်တွင် ရွှေတိဂုံစေတီတော်သို့ တင်လှူတော်မူသည်။
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads