ဓမ္မဒိန္နသုတ်

From Wikipedia, the free encyclopedia

Remove ads

[] ဘုရားရှင် ကာသိနိုင်ငံ ဗာရာဏသီမြို့တော်အနီး ဣသိပတနမိဂဒါဝုန်တော ဝယ် သီတင်းသုံးနေတော်မူစဉ် ဥပါသကာအခြံအရံငါးရာနှင့်အတူ ဓမ္မဒိန္နဥပါသကာ ရောက်ရှိလာပြီး မိမိတို့အား ဒီဃရတ္တဟိတသုခဖြစ်စေရန် ဩဝါဒ၊ အနုသာသနီပေးတော်မူရန် လျှောက်ထားသဖြင့် ဩဝါဒအနုသာသနီ ချီးမြှင့်တော်မူသောအခါ ထိုဩဝါဒ အနုသာသနီကို မိမိတို့လူသားများ မကျင့်နိုင်ကြသဖြင့် ငါးပါးသီလ၌ တည်သည့်လူသားတို့အား ဥတ္တရိဓမ္မကို ဟောတော်မူရန် လျှောက်ထားသဖြင့် သောတာပတ္တိယင်္ဂတရားလေးပါးကို ဟောတော်မူပါသည်။ မိမိတို့၌ ယင်းတရားများ တည်ရှိနေပုံကို လျှောက်ထားသည့်အခါ သင်တို့ သောတာပတ္တိဖိုလ်ကို ကောင်းစွာ ရအပ်ပေ၏ဟု ဘုရားရှင် မိန့်တော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဥပါသကာငါးရာစီ အခြံအရံရှိသော ဥပါသကာ (၇)ဦးနှင့် ဘုရားရှင် မိန့်ကြားတော်မူအပ်သော ကျင့်သုံးရမည့် သုတ်တော်များ သရုပ်ကို ဖွင့်ပြပြီး မနိုင်သောဝန်ကို တောင်းပန်ကြခြင်းကြောင့် ဘုရားရှင်က ကြီးလေးသော ဝန်ကို မိန့်ကြားတော်မူပုံ အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌လည်း ဖွင့်ဆိုချက်များရှိပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads