ဓာတုဗေဒ ညီမျှခြင်း
From Wikipedia, the free encyclopedia
Remove ads
ဓာတုဗေဒ ညီမျှခြင်း ဆိုသည်မှာ သင်္ကေတများ၊ ဖော်မြူလာများ အသုံးပြု၍ ဓာတုဓာတ်ပြုမှု၏ သင်္ကေတဆိုင်ရာ တင်ဆက်ဖော်ပြမှုဖြစ်သည်။ ထို၌ ဓာတ်ပြုပစ္စည်းများကို ဘယ်ဖက်အခြမ်းတွင် ထားရှိ၍ ရလဒ်ပစ္စည်းများသည် ညာဖက်အခြမ်းတွင် ထားရှိကာ အပေါင်းလက္ခဏာကို ဓာတ်ပြုပစ္စည်းများကြားတွင်လည်းကောင်း ဓာတုဖြစ်စဉ် ရလဒ်ပစ္စည်းများကြားတွင်လည်းကောင်း ထားရှိပြီး မြားသင်္ကေတသည် ရလဒ်ပစ္စည်းများ ညွှန်ပြနေသည့်အပြင် ဓာတ်ပြုမှု၏လားရာကိုလည်း ပြသပေးသည်။[၁] သင်္ကေတများ နံဘေးရှိ မြှောက်ဖော်ကိန်းများနှင့် ပါဝင်ပစ္စည်းများ၏ ဖော်မြူလာများသည် ပမာဏပြ ကိန်းဂဏန်းများ၏ ပကတိတန်ဖိုးများဖြစ်ကြသည်။ ပထမဆုံး ဓာတုဗေဒ ညီမျှခြင်းကို ၁၆၁၅ ၌ ယွန်း ဘေ့ဂန်က ပုံဆွဲ၍ စတင်ဖော်ပြခဲ့သည်။[၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads