ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့

From Wikipedia, the free encyclopedia

ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့
Remove ads

ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (အင်္ဂလိပ်: Organisation for the Prohibition of Chemical Weapons, အတိုကောက် – OPCW) သည် နိုင်ငံများစုပေါင်းဖွဲ့စည်းထားသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ဖြစ်သည်။ဤအဖွဲ့သည် ဓာတုလက်နက်တားဆီးပိတ်ပင်ရေး စာချုပ် (CWC) ကို အကောင်အထည်ဖော်ဆောင်ရွက်သည့် အဖွဲ့အစည်းလည်း ဖြစ်သည်။၁၉၉၇ ခုနှစ် ဧပြီ ၂၉ ရက်နေ့တွင် အတည်ပြုဖွဲ့စည်းခဲ့ပြီး၊အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ရှိသည်။ရုံးချုပ်သည် နယ်သာလန်နိုင်ငံဟေဂ်မြို့ တွင် တည်ရှိသည်။

အချက်တိုများ ဖွဲ့စည်းခြင်း, ဌာနချုပ် ...
Remove ads

သမိုင်းအကျဥ်း

ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) သည် ၁၉၉၇ ခုနှစ် ဧပြီလ ၂၉ ရက်တွင် စတင်အသက်ဝင်ခဲ့သော ဓာတုလက်နက်များဆိုင်ရာ သဘောတူညီချက်အတွက် အစိုးရများကြားအဖွဲ့အစည်းတစ်ခုဖြစ်သည်။ဤအဖွဲ့သည် ဓာတုလက်နက်များ ပပျောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုကို ကြီးကြပ်သည်။[] ဓာတုလက်နက်တားဆီးပိတ်ပင်ရေး စာချုပ် (Chemical Weapons Convention-CWC)အရ ဓာတု လက်နက်များ အသုံးပြုခြင်း ၊ ထုတ်လုပ်ခြင်း ၊ အဆင့်မြှင့်တင်ခြင်း ၊ ပိုင်ဆိုင်ခြင်း ၊ စုဆောင်းခြင်းနှင့် လွှဲ ပြောင်းခြင်း ကို တင်းကျပ်စွာ တားမြစ်ထားသည်။ယင်းအပြင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စုပုံနေသော ဓာတု လက်နက်များနှင့် ဆက်စပ် ထုတ်လုပ်ထားသော ပစ္စည်းများ ၊ ဟောင်းနွမ်းနေသော ဓာတု လက်နက်များကို ဖျက်ဆီးရန် နှင့် ပွင့်ပွင့်လင်းလင်း ကြေညာသွားရန် တာဝန်ရှိကြသည်။

Remove ads

အသိအမှတ်ပြုခံရမှု

ဓာတုလက်နက်များ ပပျောက်ရေး ကြိုးပမ်းအားထုတ်မှုများအတွက် ၂၀၁၃ ခုနှစ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရသည်။

အဖွဲ့နှင့်မြန်မာ

မြန်မာနိုင်ငံသည် ဓာတုလက်နက်တားဆီးပိတ်ပင်ရေး စာချုပ် (Chemical Weapons Convention-CWC)ကို ၁၉၉၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၈ ရက်တွင် စာချုပ်တွင် အတည်ပြု ပါဝင်လာခဲ့ပြီးနောက်၊၁၉၁ နိုင်ငံမြောက် စာချုပ်ဝင် နိုင်ငံ ဖြစ်လာခဲ့သည်။[] [] []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads