နက္ခတ်တာရာပြခန်း (နေပြည်တော်)
From Wikipedia, the free encyclopedia
Remove ads
၂၀၀၈ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ MRT Co.,Ltd မှ ဒီဇိုင်းရေးဆွဲ၍ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ရာ ၂၀၀၉ ခုနှစ် မတ်လ ၂၀ ရက်နေ့အထိ ၄ လခန့် အတွင်း တည်ဆောက် ပြီးစီခဲ့သည်။ နက္ခတ်တာရာပြခန်း ပင်မဆောင် ( Planetarium-chamber) ပညာပေးပြခန်းငယ်များ၊ အဝင်ဧည့်ခန်းဆောင် (exhibits hall & lobby)၊ အမှတ်တရ အရောင်းဆိုင်နှင့် စားသောက်ဆိုင်ဖြင့် အဆောက်အဦး ၃ ခုအား တွဲဘက် ဖွဲ့စည်းလျှက် တည်ဆောက်ထားသည်။ ပြခန်းပင်မဆောင်သည် ဆဌဂံဒီဇိုင်းဖြစ်၍ ထောင့်ဖြတ် (၈၀)ပေ၊အမြင့် (၈၀)ပေရှိပြီး (၁၈) မီတာ အလူမီနီယမ် အမိုးခုံး ပိတ်ကားအား မျက်နှာကျက်မှ (၁၀) ဒီဂရီ ချိတ်ဆွဲထားကာ ကြယ်တာရာ ပြစက်၊ သုံးဘက်မြင် ဗွီဒီယိုပြသမှုစနစ်၊ အစီအစဉ်ထုတ်လွှင့်မှုဆိုင်ရာ စက်ကိရိယာများနှင့် အသံပိုင်းဆိုင်ရာ အထူးတီထွင် ထိုင်ခုံစသည့် စက်ကိရိယာများအား USA , Italy , Japan & French စသည့်နိုင်ငံများမှ ဝယ်ယူတပ်ဆင်ခဲ့ပြီး လူ ၁၆၀ ဆန့် ကြည့်ရှုနိုင်သည်။
နက္ခတ်တာရာပြခန်းအား ၂၀၀၉ ခုနှစ်၊မတ်လ ၂၆ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊အတွင်းရေးမှူး (၁) မှ ဖွင့်လှစ်ပေးခဲ့သည်။ ပြကွက်များမှာ ဥက္ကာပျံနှင့် ဥက္ကာခဲပြကွက်၊ အာကာသဆိုင်ရာ ပညာပေးပြကွက်၊ လနှင့်ပက်သက်သော ပြကွက်၊ဂလက်ဆီ အဖွဲ့အစည်းဆိုင်ရာ ပညာပေးပြကွက်၊ မဟာစကြဝဠာ၏ သဘောသဘာ၀ပြကွက်၊မကွေးတိုင်း မြို့သစ်မြို့နယ်အတွင်းသို့ ၂၀၀၅ ခုနှစ်က ကျရောက်ခဲ့သော ဥက္ကာခဲနှင့် ပက်သက်သည့် သိကောင်းစရာ ပြကွက်တို့ ပြသထားသည်။ ထို့အပြင် ပြပွဲအစီအစဉ်အဖြစ် ဒစ်ဂျစ်တယ် ပရိုဂျက်တာ ပြသမှုစနစ်ဖြင့် မြန်မာ့အလှ မြန်မာ့ရှုခင်းပြကွက်၊ အီဂျစ်ပြည်ရှိ အထင်ကရ အဆောက်အဦးများအား ကိုယ်တိုင်ရောက်ရှိနေသကဲ့သို့ မြင်တွေ့ရမည့်အပြင် အီဂျစ်ဖာရို ဘုရင်များနှင့် ကြယ်တာရာများ ဆက်စပ်ယုံကြည်မှု ဇာတ်လမ်းတိုပြကွက်၊အနန္တစင်္ကြာဝဠာအတွင်း လှို့ဝှက်ဆန်းပြကွက်နှင့် သန္တာကျောက်တန်း ရေအောက် ကမ္ဘာ ပညာပေးဇာတ်လမ်းတို့ ပြသလျက်ရှိသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads