နက်ဗျူလာ

စကြာဝဠာရှိတိမ်တိုက်သဏ္ဍာန်ရှိသောဝတ္ထုများ From Wikipedia, the free encyclopedia

နက်ဗျူလာ
Remove ads

နက်ဗျူလာ (အင်္ဂလိပ်: Nebula) ဆိုသည်မှာ ကြယ်တို့၏ ကြားတွင် ရှိနေသော တိမ်တိုက်သဏ္ဌန် ရှိနေသည့် အမှုန်အမွှားများ၊ ဟိုက်ဒရိုဂျင်ဟီလီယမ်နှင့် အခြား ဓာတ်ငွေ့တို့၏ အစု အဝေးကြီး ဖြစ်သည်။ နက်ဗျူလာ ဟူသော အသုံးအနှုန်းမှာ လက်တင်ဘာသာစကားမှ ဆင်းသက်လာပြီး တိမ်တိုက်ဟု အဓိပ္ပာယ်ရသည်။[] ကြယ်တို့၏ ကြားရှိ တိမ်တိုက်ဆိုသည်မှာ ဂယ်လက်ဆီ အတွင်းရှိ အမှုန်အမွှားများ၊ ပလာစမာများနှင့် ဓာတ်ငွေ့တို့ အစုအဝေးပင် ဖြစ်သည်။ နဂါးငွေ့တန်း ဂယ်လက်ဆီထက်ဝေးကွာသော မည်သည့် ကြယ်တာရာပစ္စည်းကိုမဆို နက်ဗျူလာဟု သတ်မှတ်သည်။ ဥပမာ အင်ဒရိုမီဒါ နက်ဗျူလာဖြစ်သည်။ ပါရှန်းလူမျိုး နက္ခတ္တ ပညာရှင် အဘ် အယ်လ် ရာမန် အယ်လ် စူဖီ (Abd al-Rahman al-Sufi) က သူ၏ စာအုပ် "မရွေ့မပြောင်းသော ကြယ်များ စာအုပ်" တွင် နက်ဗျူလာများ အကြောင်း ပထမဆုံး အကြိမ်အဖြစ် ဖော်ပြခဲ့သည်။[] သူက အင်ဒရိုမီဒါ ဂလက်ဆီအနီးတွင် တိမ်တိုက် တစ်ခု ရှိနေသည်ဟု ဖော်ပြခဲ့သည်။[] နက်ဗျူလာ အများစုသည် ကျယ်ပြောလှပြီး အချင်းအားဖြင့် အလင်းနှစ် ရာချီကာ ကြီးမားလှသည်။ နက်ဗျူလာများသည် ကြီးမားကျယ်ပြောလှသော်လည်း ယင်းတို့၏သိပ်သည်းမှုသည် များစွာပါးလွှာသည်။ ကမ္ဘာမြေအရွယ်အစားရှိသော နက်ဗျူလာတစ်ခုသည် ကီလိုဂရမ်အချို့သာ သိပ်သည်းပါလိမ့်မည်။

Thumb
ထရိုင်ရမ်ဂူလမ် နက်ဗျူလာသည် နက်ဗျူလာ အတွက် ဥပမာ တစ်ခုဖြစ်သည်။
Remove ads

လေ့လာမှု သမိုင်း

ဖွဲ့စည်းပုံ

နက်ဗျူလာ အမျိုးအစား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads