နခသိခသုတ်
From Wikipedia, the free encyclopedia
Remove ads
(၄)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သတ္တက္ခတ္တုပရမ သောတာပန်ပုဂ္ဂိုလ်သည် မြေကြီးထုပမာ များပြားစွာသော ဆင်းရဲဒုက္ခကုန်သွားပုံ၊ လက်သည်းခွံပေါ်၌ရှိသော မြေသုံ့ပမာ ဆင်းရဲဒုက္ခ အနည်းငယ်သာကျန်ရှိပုံ၊ ဓမ္မာဘိသမယ, ဓမ္မစက္ခုပဋိလာဘ၏အကျိုး များပုံကို ရဟန်းတို့အား ဟောကြားတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ပါရှိပါသည်။
[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် လက်သည်းဖျားပေါ်၌ရှိသော မြေမှုံ့ပမာ လူ့ပြည်၌ လူပြန်ဖြစ်သော သတ္တဝါတို့ နည်းပါးလှပုံ၊ မြေကြီးထုပမာ လူ့ပြည်မှ (အပါယ်ဘုံတို့၌)ဖြစ်ကြသော သတ္တဝါတို့ များပြားလှပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။
[၃] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အညတရ ရဟန်း၏ မေးလျှောက်ချက်အရ လက်သည်းဖျားပေါ်၌ တည်ရှိသော မြေမှုံ့ပမာ နိစ္စ ဓူဝ သဿတ အဝိပရိဏာမဓမ္မ၊ သဿတိသမ ကဲ့သို့ တည်ရှိသော ခန္ဓာ(၅)ပါး အနည်းငယ်မျှပင် မရှိပုံ၊ ဆင်းရဲဒုက္ခကုန်ဆုံးရန် ဗြဟ္မစရိယကို ပြည့်စုံအောင် ကျင့်သုံးမှုထင်ရှားပုံကို ခန္ဓာတစ်ပါးစီ တစ်ပါးစီ ဖြေကြားတော်မူပြီး ယင်းခန္ဓာ (၅)ပါးကို အနတ္တလက္ခဏသုတ် ဒေသနာတော်အတိုင်း ဘုရားရှင် ဟောတော်မူသည့်သုတ်၊ အညတရရဟန်း ရဟန္တာ ဖြစ်သွားပါသည်။
[၄] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိုလ်သည် မဟာပထဝီ မြေကြီးထုပမာ ဆင်းရဲဒုက္ခများစွာကုန်သွားပုံ လက်သည်းဖျားပေါ်ရှိ မြေနှံ့ပမာ ဆင်းရဲဒုက္ခ အနည်း ငယ်မျှသာ ကျန်တော့ပုံ၊ သစ္စာလေးတန်တရားမှန်ကို သိမြင်ပြီးပုံ၊ သစ္စာလေးတန် တရားမှန်ကို သိမြင်အောင် အားထုတ်ရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads