နည်းပညာတက္ကသိုလ်(ကလေး)
From Wikipedia, the free encyclopedia
Remove ads
နည်းပညာတက္ကသိုလ်(ကလေး) သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၏ တောင်ဘက် ၅ မိုင်ခန့်အကွာ ကလေး−ဂန့်ဂေါ ကားလမ်း၏ အနောက်ဘက် ထိုမာကျေးရွာအုပ်စု၊ သာယာဝတီ ကျေးရွာအနီးတွင် တည်ရှိပြီး ၁၉၉၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ နည်းပညာတက္ကသိုလ်(ကလေး)တွင် ဘာသာရပ်အသီးသီးအတွက် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများကို တက်ရောက်နိုင်သည်။
သမိုင်းကြောင်း
၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ကလေး) အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်(ကလေး) အဖြစ်လည်းကောင်း၊ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ် (ကလေး) အဖြစ်လည်းကောင်း အဆင့်မြှင့်တင်ခဲ့သည်။[၁]
သင်ကြားပေးလျက်ရှိသော အဓိကဘာသာရပ်များ
- မြို့ပြအင်ဂျင်နီယာဘာသာရပ် (Civil Engineering)
- အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ် (Electronic Engineering)
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ် (Electrical Engineering)
- စက်မှုအင်ဂျင်နီယာဘာသာရပ် (Mechanical Engineering)
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads