နည်းပညာတက္ကသိုလ်(ပုသိမ်)
From Wikipedia, the free encyclopedia
Remove ads
နည်းပညာတက္ကသိုလ်-ပုသိမ် (အင်္ဂလိပ်: Technological University (Pathein)) သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်တွင် တည်ရှိပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ လက်ရှိကျောင်းအုပ်ကြီးမှာ ဒေါက်တာကျော်သူရဖြစ်သည်။ ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည်။
Remove ads
သမိုင်းကြောင်း
အစိုးရ နည်းပညာ ကောလိပ်(ပုသိမ်)အား ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာတွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့ပြီး နည်းပညာ တက္ကသိုလ်(ပုသိမ်)အဖြစ်သို့ ဖွင့်လှစ်ခဲ့သည်။ ယခုလက်ရှိကျောင်းအုပ်ကြီး သည်ဒေါက်တာကျော်သူရ[၁]ဖြစ်သည်။
သင်ကြားရေးဌာနများ
- မြို့ပြအင်ဂျင်နီယာဌာန
- အီလက်ထရွန်းနစ်အင်ဂျင်နီယာဌာန
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
- စက်မှုအင်ဂျင်နီယာဌာန
- သတင်းအချက်အလက်နည်းပညာဌာန
ဘွဲ့ဒီဂရီသင်တန်းများ
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads