ပိုလီတက္ကနစ်တက္ကသိုလ် (မြိတ်)
မြိတ်မြို့ရှိ တက္ကသိုလ် From Wikipedia, the free encyclopedia
Remove ads
ပိုလီတက္ကနစ်တက္ကသိုလ် (မြိတ်) (ယခင် နည်းပညာတက္ကသိုလ်(မြိတ်))သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ကဘင်းရွာတွင် တည်ရှိပြီး ဧက ၁၀၇.၈၉ [၁]ကျယ်ဝန်းသည်။ ၁၉၉၉ ခုနှစ် အောက်တိုဘာ ၂၇ တွင် အစိုးရနည်းပညာသိပ္ပံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၂ ခုနှစ် ဇန်နဝါရီတွင် အစိုးရနည်းပညာကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီတွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့သည်။ ၂၀၁၉ တွင် ဆရာ၊ ဆရာမဦးရေ ၉၅ ဦးနှင့် ကျောင်းသားဦးရေ ၇၃၅ ဦးရှိသည်။[၁]
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မြိတ်ကွန်ပျူတာတက္ကသိုလ်နှင့် မြိတ်နည်းပညာတက္ကသိုလ်နှစ်ခုအား ပူးပေါင်းကာ ပိုလီတက္ကနစ်တက္ကသိုလ် (မြိတ်) အဖြစ် ဖွင့်လှစ်ခဲ့သည်။[၂]
Remove ads
သင်ကြားရေးဌာနများ
- မြို့ပြအင်ဂျင်နီယာဌာန
- အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဌာန
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
- စက်မှုအင်ဂျင်နီယာဌာန
- စာပေဘာသာရပ်ဌာများ (မြန်မာစာနှင့် အင်္ဂလိပ်စာ)
- ဓာတုဗေဒဌာန
- ရူပဗေဒဌာန
- သင်္ချာဌာန
သင်တန်းများ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads