နည်းပညာတက္ကသိုလ်(ရမည်းသင်း)
From Wikipedia, the free encyclopedia
Remove ads
နည်းပညာတက္ကသိုလ်(ရမည်းသင်း) သည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သီလဝ(၃)ရပ်ကွက်၊ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီး အနောက်ဘက်တွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၄၄.၅ ဧက ဖြစ်သည်။

သမိုင်းကြောင်း
နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကို ၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အစိုးရ စက်မှုလက်မှုသိပ္ပံအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် နည်းပညာတက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[၁]
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads