နည်းပြချုပ်
From Wikipedia, the free encyclopedia
Remove ads
ပညာရပ်တစ်ခုခုတွင် စာတွေ့လက်တွေ့ ကျွမ်းကျင်သော ဗဟုသုတများသော ပညာရှင်ဆရာကြီး ဖြစ်သည်။ အားကစားတွင်ဖြစ်စေ၊ ကိုယ်ခံပညာရပ်တွင်ဖြစ်စေ၊ ပညာရေးတွင်ဖြစ်စေ စာတွေ့လက်တွေ့ စနစ်တကျ အထူးကျွမ်းကျင်သူဆရာကြီး (expert and specialist) အဆင့်ရှိသူကို ခေါ်သည်။ နည်းပြဆရာများထဲတွင် ဝါအရင့်ဆုံး၊ ပညာရည်အမြင့်မားဆုံးသော ပုဂ္ဂိုလ်တို့သည် ထိုအသင်းအဖွဲ့တွင် နည်းပြချုပ် ဟူသော ရာထူးအဆင့် တာဝန်ယူလေ့ရှိပြီး ကျောင်းအုပ်ဆရာကြီးအဆင့်နှင့် ညီမျှသည်ဟု နားလည်နိုင်သည်။ တစ်နည်းဆိုရသော် နည်းပြချူပ် ဆိုသည်မှာ ထိုအသင်းအဖွဲ့တွင် ရာထူးအကြီးမားဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။ ပညာရပ်ဆိုင်ရာများကို ကောင်းစွာဝေဖန်သုံးသပ်နိုင်စွမ်းသင်ကြားနိုင်စွမ်းရှိသော အတွေ့အကြုံကြီးမားသူ ဝါရင့်ဆရာကြီးဖြစ်သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads