နတ်မြစ်

င်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားမှ မြစ် From Wikipedia, the free encyclopedia

နတ်မြစ်
Remove ads

နတ်မြစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားတွင် နှစ်နိုင်ငံနယ်နမိတ် စည်းအဖြစ် သတ်မှတ်ထားသော မြစ်ဖြစ်သည်။ နတ်မြစ်ကို အင်္ဂလိပ်ဘာသာဖြင့် Naf River၊ ရခိုင်ဘာသာဖြင့် နတ်မြစ်၊ ဘင်္ဂါလီဘာသာဖြင့် : নাফ নদী(အသံထွက်-နတ်နဒီ) ဟူ၍ အသီးသီးခေါ်ဆိုကြသည်။ ၎င်းမြစ်သည် ကို့စ်ဘဇာ ပြည်နယ် အရှေ့တောင်ဘက်အစွန်ဆုံးမှ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် တစ်လျောက်လုံးတွင် တည်ရှိပိုင်းခြားထားသည်။ ထိုမြစ်သည် ရခိုင်ရိုးမတောင်တန်းမှ မြစ်ဖျားခံလာကာ အရှေ့တောင်ဘက် ပြည်နယ်များ၏ နယ်ခြားစည်းအဖြစ် စီးဆင်းလာပြီး ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်သည်။ မြစ်ဝှမ်းအကျယ်မှာ ၁.၆၁ ကီလိုမီတာမှ ၃.၂၂ ကီလိုမီတာခန့်ရှိသည်။ မြစ်သည်ဒီရေ၏အကျိုးသက်ရောက်မှုကိုလည်း ခံရသည်။ မြန်မာနိုင်ငံ စစ်တွေမြို့အရှေ့ဘက် ကမ်းပါးအဖြစ် နှင့် ကို့စ်ဘောက်ဇာပြည်နယ် တက်နက် သည် အနောက်ဘက် မြစ်ကမ်းပါးအဖြစ်ရှိနေကြသည်။ မြစ်၏ယေဘူယျအနက်မှာ ၁၂၈ ပေ(၃၀မီတာ) နှင့် အနက်ဆုံးနေရာတွင် ပေ ၄၀၀ (၁၂၀ မီတာ) အထိရှိသည်ကို တွေ့ရသည်။

Thumb
နတ်မြစ်
Thumb
နတ်မြစ်မြင်ကွင်း

မိုင် ၅၀ မျှ ရှည်သည်။ ဒီရေသည် ၄၅ မိုင်အထိ ရောက်သည်။ မြစ်ဝမှ ၂၄ မိုင်တွင် မြို့သစ်ချောင်းက စီးဝင်သည်။ ရခိုင်ဘက်ကမ်းတွင် ဒီရေချောင်းမြောင်း ပေါများသည်။ ဒီရေ လွှမ်းမိုးမှုကြောင့် စပါးဖြစ်ထွန်းမှုနည်းသဖြင့် ငတ်မြစ်ဟု တွင်ခဲ့သည်။ နတ်မြစ်မှ အနောက်ဘက်ရှိ ရခိုင်ကိုးကွယ်မှုဝင် နတ်တောင်ကို အစွဲပြုထားသည်။ နတ်မြစ်သည် ပုဇွန်မွေးမြူခြင်းကြောင့် ထင်ရှားလာသည်။ မြစ်ဝတွင် ရှင်မဖြူကျွန်း ရှိသည်။


ရှင်မဖြူကျွန်းသည် နတ်မြစ်ဝတွင် တည်ရှိနေပြီး သမိုင်းကြောင်းအရ ပထမ အင်္ဂလိပ်-မြန်မာစစ် ဖြစ်ပွားရန်အတွက် ဆုံးဖြတ်ချက်များ ချက်ချင်း ဆိုသလိုချမှတ်ရေးနှင့် အရေးကြီးသည့်အခန်းတွင် ပါဝင်အသုံးတော်ခံခဲ့သည့် နေရာလည်းဖြစ်သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads