From Wikipedia, the free encyclopedia
နန္ဒဘုရင် (ငါးဆူဒါယကာမင်း) (၁၅၈၁-၁၅၉၉) သည် ဘုရင့်နောင် ၏သားတော်အိမ်ရှေ့မင်းဖြစ်သည်။ ဘုရင့်နောင် လွန်လျှင် ဟံသာဝတီထီးနန်းကို စိုးစံအုပ်ချုပ်သည်။ ခမည်းတော် လက်ထက်အတိုင်းပင် တောင်ငူ၊ အင်းဝ၊ ပြည်၊ ဇင်းမယ် မှ အဆွေအမျိုးများကို အပြောင်းအလဲမရှိ ဆက်လက်အုပ်ချုပ်စေသည်။ ထို့အပြင် မိုးကုတ် ကျောက်တွင်းများကို မိုးမိတ် စော်ဘွားထံမှ တကောင်းဒေသ ကိုပေးပြီး အလဲအလှယ်လုပ်ခဲ့သည်။
နန္ဒဘုရင် | |
---|---|
နန်းသက် | ၁၀ အောက်တိုဘာ ၁၅၈၁ – ၁၉ ဒီဇင်ဘာ ၁၅၉၉ |
နန်းတက်ချိန် | ၁၅ အောက်တိုဘာ ၁၅၈၁ |
ရှေ့မင်းဆက် | ဘုရင့်နောင် |
ဆက်ခံသူ | ညောင်ရမ်းမင်း |
ဝန်ကြီးချုပ် | ဗညားကျန်တော |
ဇင်းမယ်ပြည်၏ ဘုရင် | |
နန်းသက် | ၁၀ အောက်တိုဘာ ၁၅၈၁ – c. ဖေဖော်ဝါရီ ၁၅၉၇ |
ရှေ့မင်းဆက် | ဘုရင့်နောင် |
နောက်မင်းဆက် | နရဲစွမ် |
လက်အောက်ခံ ဘုရင် | နော်ရထာ မင်းစော |
ယိုးဒယားပြည်၏ ဘုရင် | |
နန်းသက် | ၁၀ အောက်တိုဘာ ၁၅၈၁ – ၃ မေ ၁၅၈၄ |
ရှေ့မင်းဆက် | ဘုရင့်နောင် |
နောက်မင်းဆက် | ဖျက်သိမ်း |
လက်အောက်ခံ ဘုရင် | Maha Thammarachathirat |
လင်းဇင်းပြည်၏ ဘုရင် | |
နန်းသက် | ၁၀ အောက်တိုဘာ ၁၅၈၁ – ၁၉ ဒီဇင်ဘာ ၁၅၉၉ |
ရှေ့မင်းဆက် | ဘုရင့်နောင် |
နောက်မင်းဆက် | ဖျက်သိမ်း |
လက်အောက်ခံ ဘုရင် | Maha Ouparat (၁၅၈၁–၈၈) Sen Soulintha (၁၅၈၈–၉၁) Nokeo Koumane (၁၅၉၁–၉၅) Vorapita (၁၅၉၆–၉၉) |
မွေးဖွား | ၉ နိုဝင်ဘာ ၁၅၃၅ အင်္ဂါနေ့၊ မြန်မာ သက္ကရာဇ် ၈၉၇ ခု၊ တန်ဆောင်မုန်းလပြည့် တောင်ငူ |
ကွယ်လွန် | ၃၀ နိုဝင်ဘာ ၁၆၀၀ (သက်တော် ၆၅ နှစ်) ကြာသပတေးနေ့၊ မြန်မာ သက္ကရာဇ် ၉၆၂ ခု၊ တန်ဆောင်မုန်း လဆုတ် ၁၀ ရက်[1] တောင်ငူ |
ထာဝရ အိပ်စက်ရာ နေရာ | ၁ ဒီဇင်ဘာ ၁၆၀၀ တောင်ငူ နန်းတော် |
အိမ်ထောင်ဖက် | • ဟံသာဝတီ မိဖုရား • မင်းဖြူ • မင်းထွေး • သီရိရာဇဒေဝီ • မင်းတရား မယ်တော် |
သားသမီးများ အခြားသူများအကြား... | ၂၀ ထက်ပိုပြီ |
စံအိမ် | တောင်ငူ |
ခမည်းတော် | ဘုရင့်နောင် |
မယ်တော် | အတုလသီရိ မဟာရာဇဒေဝီ (ခေါ်) သခင်ကြီး |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာဝင် |
သို့သော် နန္ဒဘုရင်သည် မအောင်မြင်သည့် ယိုးဒယားစစ်ကို အကြိမ်ကြိမ် ချီတက်စေသဖြင့် အင်အားကိုဖြုန်းတီးလေသည်။ ထို စစ်ပွဲတွင် သားတော်ကြီး မဟာဥပရာဇ် ကျဆုံးလေသောကြောင့် လက်စားချေလိုစိတ်ဖြင့် အကြိမ်ကြိမ် စစ်ပြုခြင်းဖြစ်သည်။ ထို့အပြင် လက်အောက်ခံ နိုင်ငံများကိုလည်း ပရိယာယ်ကင်းစွာအုပ်ချုပ်သဖြင့် သက္ကရာဇ် ၉၅၆ တွင် ယိုးဒယား၊ ပြည်၊ မော်လမြိုင်၊ မှော်ပီ စသည့်ဒေသများမှ ပုန်ကန်လေသည်။
ထိုသို့သော် ပုန်ကန်မှုများကို နှိမ်နင်းရန်အတွက်လည်းကောင်း၊ မပုန်ကန်သေးသည့် လက်အောက်ခံတို့ကို မယုံကြည်သည့်အတွက်လည်းကောင်း နန္ဒဘုရင်သည် တောင်ငူအိမ်ရှေ့မင်း နတ်သျှင်နောင်အား ဆင်တော် ဥပေါသထ နှင့်တကွ လာရောက်အမှုထမ်းရမည် ဟုဆင့်ခေါ်သည်။ ထို့အတူပင် ဇင်းမယ်နော်ရထာအားလည်းကောင်း၊ ညောင်ရမ်း မင်းရဲနန္ဒမိတ်အားလည်းကောင်း အလားတူတောင်းဆိုသဖြင့် ဇင်းမယ်နှင့် အတူ တောင်ငူလည်း ပုန်ကန်လေသည်။ နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းရာဇာကြီး၊ တောင်ငူဘုရင် မင်းရဲသီဟသူတို့ နှစ်ဖက်ညှပ်တိုက်သည်ကို မခံနိုင်သည့်အတွက်လည်းကောင်း သားတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာ တောင်ငူတပ်မှ နတ်သျှင်နောင်ထံ လက်နက်ချ အညံ့ခံလိုက်သည့်အတွက် လည်းကောင်း အလွန်စိတ်ဓာတ်ကျဆင်းပြီး ကိုယ်တိုင် အညံ့ခံလိုက်တော့သည်။
တောင်ငူသို့ နန္ဒဘုရင်ပါလျှင် ယိုးဒယားမင်း တောင်ငူသို့လာရောက်ပြီး နန္ဒဘုရင်အား ပေးရန်တောင်းသည်။ မင်းရဲသီဟသူက မပေးသဖြင့် တောင်ငူကိုတိုက်သည်။ နတ်သျှင်နောင် ထွက်တိုက်သဖြင့် ယိုးဒယားတပ်ပျက်လေသည်။ နောက်တွင် နတ်သျှင်နောင် သည် နန္ဒဘုရင်အား ဆက်လက်ထားလျှင် အရေးထပ်ပေါ်မည်ကို တွေးပြီး မယ်တော်နှင့်တိုင်ပင်ကာ နန္ဒဘုရင်ကို အဆိပ်ခတ်လုပ်ကြံသည်။ သို့ဖြင့် နန္ဒဘုရင်သည် သက္ကရာဇ် ၉၆၂၊တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် ကွယ်လွန်လေသည်။
နန္ဒဘုရင် မိမိကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲကာ တခြားမည်သည့်အကြံကိုမျှလက်ခံလိုစိတ်မရှိခြင်း။အသိအမှတ်ပြုထားသော ဘာသာရေးကျမ်းဂန်များနှင့် မကိုက်ညီကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ဘာသာရေး အဆောက်အအုံ အများအပြား ဖျက်ဆီးခံရပြီး ဘာသာရေး ပိုင်ဆိုင်မှု အများအပြား သိမ်းဆည်းခံခဲ့ရသည်။ ဘုန်းကြီးများကို လူဝတ်လဲခိုင်းခြင်းများရှိခဲ့သည်။ မွန်၊ မြန်မာ ၊ ရှမ်း လူမျိုးများအား နေရပ်စွန့်ခွာစေပြီး လူမျိုး ရောထွေးခြင်းများလည်းရှိခဲ့သည်။
အထက်ပါအချက်လက်များကြောင့် နယ်ပယ်ပေါင်းစုံ မှ ရဟန်းရှင်၊ပြည်သူများသည် နန္ဒဘုရင် အပေါ် မုန်းတီးမှုများ ကိန်းအောင်းလာခဲ့လေသည်။ နောင်တွင် ဘုန်းတန်ခိုးကျဆင်းလာကာ နန္ဒဘုရင်၏ ဘုန်းမီးနေလကို အပြီးတိုင် ငြိမ်းစေသော အခြေခံအချက်အလက်များဖြစ်လာခဲ့လေတေ့ာသည်။
နှစ်တွင် ကွယ်လွန်ခဲ့သည် နှလုံးရောဂါဖြင့်၍
လုံးယူထားသည် ရခိုင်သို့
စဝ်နန်းသီရိသုခံသာ၍ ကျိုင်းရုံးစော်ဖွားစဝ်အုန်းမိုးသမီး
လုံးယူထားသည် ရခိုင်သို့
လုံးယူထားသည် ရခိုင်သို့
မပေါ်သော်လည်း ရခိုင် ရာဇဝင် တွင် ပေါ်လာသည်၍___
___မိဖုရားကြီးနှင့် မိဖုရားငယ်နှင့် ကိုယ်လုပ်တော် ဘယ်ဟာသားသမီးမရှိသော___
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.