နန္ဒာသီရိ ဘဒ္ဒန္တ အမြင့်ရပ်သစ်ကျောင်းဆရာတော်

From Wikipedia, the free encyclopedia

Remove ads

ဆရာတော်မှာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ချောင်းဦးမြို့နယ်၊ အမြင့်မြို့သား ဇာတိဖြစ်ကြောင်း သိရသည်။ ပျံလွန်တော်မူပြီးနောက် ဆေးထိုးခြင်း၊ ပြုပြင်စီမံခြင်း လုံးဝမရှိကြောင်း ချောင်းဦးမြို့နယ် ဆရာဝန်နှင့် အမြင့်တိုက်မြို့နယ် ဆရာဝန်များက လာရောက် စမ်းသပ်စစ်ဆေးပြီးဖြစ်ကြောင်း၊ ပျံလွန်တော်မူပြီးနောက် တစ်လကျော်ကြာသည့်အထိ ရုပ်ကလာပ်တော် မပျက်မစီးဘဲ တည်နေသည့်အတွက် ကျော်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။ []

ဖွားမြင်ခြင်း

ဆရာတော်လောင်းလျာကို ၁၂၈၃ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ စနေနေ့ နံနက် ၅ နာရီတွင် မွေးဖွားခဲ့သည်။ မိဘများမှာ အမြင့်မြို့၊ ကျောက်စာရပ်နေ ဦးဖိုးမြ+ဒေါ်ရွှေပုတို့ ဖြစ်သည်။ မွေးချင်းနှစ်ယောက်ရှိကြောင်း သိရသည်။ ဆရာတော်လောင်းလျာမှာ အကြီးဖြစ်၏။ ငယ်မည် မောင်ထွန်းရှန်ဖြစ်၏။ ညီဖြစ်သူမှာ မောင်ထွန်းစံဆိုသူဖြစ်၏။

ရှင်သာမဏေဘဝ

၁၂၈၈ ခုနှစ်တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် နန်းဦးကျောင်းဆရာတော်အား ဥပဇ္ဈယ်ပြု၍ ရှင်သာမဏေပြုခဲ့သည်။ နန်းဦးအစိုးရမူလတန်းကျောင်း ပါဠိကျောင်း၌ လေးတန်းအောင်သည်အထိ ပညာသင်ခဲ့သည်။ ဆက်လက်၍ နန်းဦးဆရာတော် ဦးကောဝိဒထံ ပညာသင်ခဲ့ရာ အစိုးရ ပါဠိပထမပြန်(အငယ်တန်း) စာမေးပွဲအောင်မြင်ခဲ့သည်။ ၁၃ဝ၁ ခုနှစ်တွင် မုံရွာမြို့၊ မဟာလယ်တီကျောင်းတိုက်၊ လယ်ပေါ်ကျောင်းဆရာတော် ဦးပုညထံတွင် အစိုးရပထမပြန် အလယ်တန်းအောင်သည်အထိ ပညာသင်ခဲ့သည်။ ၁၃ဝ၂ ခုနှစ်တွင် အမရပူရမြို့ တူးမောင်းတိုက်ဆရာတော် ဦးနန္ဒိယထံတွင် ပထမကြီးစာပေများ ဆက်လက်သင်ကြားခဲ့သည်။

Remove ads

ရဟန်းဘဝ

၁၃ဝ၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက်နေ့တွင် အမြင့်မြို့နေ ဦးဘိုးခန်း+ဒေါ်သော့၊ (သား) ဦးသန်းဖေ၊ ဦးတင်ဦး၊ (သမီး) ဒေါ်မမကြီး၊ ဒေါ်ကြွယ်ကြွယ်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ဘုံပျံကျောင်းဆရာတော် ဦးရာဇိကအား ဥပဇ္ဈာယ်ပြု၍၊ မြင့်မြတ်သော ရဟန်းဘဝကို ရောက်ရှိခဲ့သည်။ ပါဠိပထမပြန် အကြီးတန်းနှင့် သကျသီဟစာမေးပွဲများ ပြင်ဆင်နေစဉ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာ၍၊ အမြင့်မြို့သို့ ပြန်ကြွခဲ့သည်။ နန်းဦးဆရာတော် ဦးကောဝိဒကိုယ်တိုင် အမရပူရသို့ လာရောက်ခေါ်ဆိုခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်ဘဝ

၁၃ဝ၄ ခုနှစ်တွင် ရပ်သစ်ကျောင်းတိုက်၏နာယကအဖြစ် စတင်သီတင်းသုံးခဲ့သည်။ ဆရာတော်သည် ဝါတော် ၂ဝ၊ ၁၃၂၃ ခုနှစ်မှစ၍ ၂ နှစ်ခန့် ၁၃၂၅-၂၆ အထိ သုဿာန်ဓူတင်ဆောင်ခဲ့သည်ဟု သိရသည်။ ၁၃၄၃ ခုနှစ်မှ ၁၃၄၇ ခုနှစ်အထိ ချောင်းဦးမြို့နယ် ဝိနည်းဓိုရ်ဆရာတော်အဖြစ် ထမ်းဆောင်တော်မူခဲ့သည်။ ၁၃၄၇ ခုမှ ၁၃၆၅ ခုနှစ်အထိ ကျေးရွာအုပ်စု သံဃာ့နာယက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အမြင့်မြို့ ရွှေကြိုးရစ်ဘုရားနှင့် မံဘုရားတို့၏ နာယကအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

Remove ads

ဘဝနတ်ထံ ပျံလွန်တော်မူခြင်း

၂ဝဝ၄ ခု၊ ဖေဖော်ဝါရီလ ၂၃ ရက်၊ (၁၃၆၅ ခု၊ တပေါင်းလဆန်း ၄ ရက်) မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။ ထိုအခါ သက်တော် ၈၃ နှစ်၊ ဝါတော် ၆၃ ဝါရှိပြီဖြစ်သည်။ [] ရုပ်ကလာပ်တော်ကို ယနေ့တိုင် ဖူးမြော်နိုင်သေးကြောင်း သိရှိရသည်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads