နန္ဒိက္ခယသုတ်
From Wikipedia, the free encyclopedia
Remove ads
(၂)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အနိစ္စသာဖြစ်သော ရုပ်တရားကို အနိစ္စဟုရှုမြင်သော ရဟန်းတော်သည် သမ္မာဒိဋ္ဌိဖြစ်ပုံ၊ မှန်ကန်စွာ သိမြင်လျှင် နိဗ္ဗိန္ဒဖြစ်ပုံ၊ နန္ဒီကုန်ခြင်းကြောင့် ရာဂကုန်ပုံ၊ ရာဂကုန်ခြင်းကြောင့် နန္ဒီကုန်ပုံ၊ နန္ဒီရာဂကုန်ခြင်းကြောင့် ကိလေသာတို့မှ လွတ်မြောက်ပြီးသောစိတ်ကို “သုဝိမုတ္တ” ဟုဆိုအပ်ပုံ ဟောတော်မူပါသည်။
ဤနည်းတူ ကြွင်းခန္ဓာ (၄)ပါးကိုလည်း တစ်ပါးစီ တစ်ပါးစီ ရှုမြင်လျှင် “သုဝိမုတ္တ” ဖြစ်သည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၂] ရုပ်ကိုယောနိသောမနသိကာရတို့ ဖြစ်အောင် နှလုံးသွင်းကြ၊ ရုပ်၏ အနိစ္စဖြစ်ပုံကို မှန်ကန်စွာ သိမြင်အောင် အဖန်ဖန်ရှုကြ၊ ယင်းသို့ မှန်ကန်စွာ သိမြင်အောင် အဖန်ဖန်ရှုသော ရဟန်းသည် ရုပ်တရား၌ နိဗ္ဗိန္ဒဉာဏ်ဖြစ်၏။ နန္ဒီကုန်ခြင်းကြောင့် ရာဂကုန်ပုံ အစရှိသည်ဖြင့် ခန္ဓာတစ်ပါးစီ တစ်ပါးစီကို အထက်သုတ်တော်အတိုင်း သုဝိမုတ္တ ဖြစ်သည်အထိ ဘုရားရှင်က ရဟန်းတို့အား ဟောတော်မူသည့်သုတ်။ [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads