နမက္ကာရမုဒြာ
From Wikipedia, the free encyclopedia
Remove ads
နမဿကာရမုဒြာဟုလည်း ခေါ်သည်။


ဦးညွတ်ရှိခိုးဟန်ဖြစ်သည်။
လက်နှစ်ဘက်ကို ယှက်ကာ ရင်ဘတ်ဆီလောက်ထိ မြှင့်တင်ထား၍ ရှိခိုးနေသော ဟန်မျိုး ဖြစ်သည်။
ဝန္ဒနီမုဒြာ အဉ္ဇလီမုဒြာများနှင့် ဆင်တူဖြစ်သည်။
အရိုအသေပြုထိုက်သူ, ရှိခိုးပူဇော်ထိုက်သူ, ဦးညွတ်ထိုက်သူကို ရိုသေရှိခိုး မြတ်နိုး ပူဇော်ရန် တိုက်တွန်းသော သဘော အဓိပ္ပါယ်ကို ဆောင်သည်။
ပုံစံအားဖြင့် ဗောဓိသတ္တများက တထာဂတ ဗုဒ္ဓများအား အရိုအသေပြုသော ရုပ်ပုံရုပ်လုံး ရုပ်ကြွများ၌၎င်း အောက်တန်းကျသော နတ်ဒေဝါများက အထက်တန်းကျသော နတ်ဗြဟ္မာတို့အား ဦးညွှတ်ရှိခိုးသော ရုပ်ပွားများ၌၎င်း ဤနမက္ကာရမုဒြာကို တွေ့ရပေသည်။
ပူဇာ စ ပူဇနေယျာနံမင်္ဂလာ, ဂါရဝ-နိဝါတမင်္ဂလာ, သမဏာနဉ္စ ဒဿနမင်္ဂလာတို့ကိုသရုပ် ဆောင် ပြထားခြင်းဖြစ်သည်။
သန္တရသကို ပေါ်လွင်စေသည်။
သီလပါရမီ, အဓိဋ္ဌာန ပါရမီစခန်းများသို့ ညွှန်ပြထားပေသည်။
နမက္ကာရမုဒြာပါသော ရုပ်ပွားဆင်းတုကို ကိုးကွယ်ပါလျှင် အဉ္ဇလီမုဒြာမှာကဲ့သို့ပင် အကျိုးထူး တရားများကို မုချရရှိနိုင်သည် ဟု တန္တရာယာနဝဇီရာယာနကျမ်းဂန်များ၌ မိန့်ဆိုထားလေသည်။
ပုဂံမြို့ အာနန္ဒာဘုရားတွင်းရှိ ရှင်အရဟံပုံတော် ကျန်စစ်သားမင်းပုံတော်များကို၎င်း ပုဂံမြို့ ပြတိုက်တွင်းရှိ အုဌ်သားရုပ်ကြွ မဟာဗြဟ္မာကြီးများ ပုံကို၎င်း နမက္ကာရမုဒြာဖြင့် တွေ့ရှိရပါသည်။ [၁][၂] [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads