နမ့်စန်မြို့
From Wikipedia, the free encyclopedia
Remove ads
နမ့်စန်မြို့သည် နမ့်စန်ခရိုင်၊ ရှမ်းပြည်နယ်တွင် တည်ရှိပြီး နမ့်စန်မြို့နယ်၏ အုပ်ချုပ်မှုရုံးစိုက်ရာ မြို့လည်းဖြစ်သည်။ နမ့်စန်မြို့သည် ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်းတွင် အကြီးဆုံးမြို့တစ်မြို့လည်း ဖြစ်သည်။ တောင်ကြီးမြို့နှင့် ၇၂ မိုင်ခန့် ကွာဝေးပြီး တောင်ကြီး-တာချီလိတ် လမ်းမပေါ်တွင် တည်ရှိသည်။ ယခုအခါတွင် ရန်ကုန်-နမ့်စန်၊ မန္တလေး-နမ့်စန် ကားဂိတ်များလည်း ရှိလာသည်။ မြို့၏ တောင်ဘက်ခြမ်းတွင် စေတီတစ်ဆူ တည်ရှိပြီး ဘွဲ့အမည်ကို တောင်ပေါ်စေတီဟုသာ ခေါ်ကြသည်။ ဗုဒ္ဓဘာသာဝင်များ များပြားပြီး ဘုန်းကြီးကျောင်း ၃၀ ခန့် တည်ရှိသည်။ ဟိန္ဒူဘာသာ နှင့် အစ္စလာမ် ဘာသာကိုးကွယ်သူများလည်း ရှိကြသည်။ ဘာသာရေးအနေဖြင့် အလှူအတန်း ရက်ရောကြသည်။ မြို့နေ လူဦးရေ ၃ သောင်းခန့် မှီတင်းနေထိုင်ကြပြီး ကျေးလက်နေ လူဦးရေ ၄ သောင်းခန့် နေထိုင်ကြသည်။ အများစုမှာ ရှမ်းများဖြစ်ကြကာ ဗမာလူမျိုး၊ ပအိုဝ်းလူမျိုး၊ ပလောင်လူမျိုး၊ လီဆူးလူမျိုး၊ ယင်း လူမျိုး အနည်းငယ်လည်း ရှိသည်။ စိုက်ပျိုးရေး လုပ်ငန်းအနေနှင့် စပါး၊ ပြောင်း၊ နှမ်း အစရှိသည်တို့ကို စိုက်ပျိုးကြသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များလည်း ရှိကြသည်။
Remove ads
လမ်းပန်းဆက်သွယ်ရေး
ယခင် ဗြိတိသျှ တော်ဝင်လေတပ်မတော်၏ လေယာဉ်ကွင်းအား နမ့်စန် လေယာဉ်ကွင်းအဖြစ် ဆက်လက်အသုံးပြုခဲ့သည်။[၁] အမှတ် (၄) ပြည်ထောင်စု အဝေးပြေးလမ်းမကြီးသည် နမ်စန့်မြို့အား ဖြတ်သန်းသွားပြီး တာချီလိတ်မြို့အထိ ဆက်သွယ်ပေးထားသည်။ အမှတ် (၄၅) ပြည်ထောင်စု အဝေးပြေးလမ်းမကြီးသည်လည်း နမ့်စန်မြို့ကို ထိုင်းနိုင်ငံနယ်စပ်ရှိ မိုင်းတုံမြို့နှင့် ဆက်သွယ်ပေးထားသည်။[၂][၃]S ၁၉၉၅ ခုနှစ်မှစ၍ မြန်မာ့ မီးရထား၏ ရထားကွန်ယက်နှင့် ချိတ်ဆတ်မိကာ ရထားပြေးဆွဲမှုများလည်း ရှိနေခဲ့သည်။ ယခုအခါတွင် ရန်ကုန်-နမ့်စန်၊ မန္တလေး-နမ့်စန် ကားဂိတ်များလည်း ရှိလာသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads