နယူးဖောင်လန် နှင့် လာဘရာဒေါ ပြည်နယ်

From Wikipedia, the free encyclopedia

Remove ads

နယူးဖောင်လန်နှင့် လာဘရာဒေါ ပြည်နယ် သည် ကနေဒါနိုင်ငံ၏ အရှေ့ဘက် အကျဆုံး ပြည်နယ် တစ်ခု ဖြစ်သည်။ ကနေဒါနိုင်ငံ၏ အတ္တလန္တိတ် ဒေသတွင် တည်ရှိပြီး နယူးဖောင်လန်ကျွန်း နှင့် အနောက်မြောက်ဘက် ကုန်းမကြီးပေါ်မှ လာဘရာဒေါ တို့ ပါဝင်ကာ စုစုပေါင်း ဧရိယာ ၁၅၆,၅၀၀ စတုရန်းမိုင် (၄၀၅,၂၁၂ စတုရန်း ကီလိုမီတာ) မျှ ကျယ်ဝန်းသည်။ ၂၀၁၃ ခုနှစ် ခန့်မှန်း လူဦးရေ စာရင်းမှာ ၅၂၆,၇၀၂ ဦး ဖြစ်သည်။[] ပြည်နယ်၏ ၉၂ ရာခိုင်နှုန်းသော လူဦးရေမှာ နယူးဖောင်လန်ကျွန်း နှင့် ၎င်းနှင့် ဆက်စပ်နေသော ကျွန်းငယ်ကလေးများတွင် နေထိုင်ကြပြီး တစ်ဝက်ကျော်မှာ အဗာလွန် ကျွန်းဆွယ်တွင် နေထိုင်ကြသည်။ ထိုပြည်နယ်မှာ ကနေဒါရှိ ပြည်နယ်များတွင် ဘာသာစကား အတူတူ အသုံးအပြုဆုံး ပြည်နယ် တစ်ခု ဖြစ်ပြီး ၂၀၀၆ ခုနှစ် လူဦးရေ စာရင်းတွင် ၉၇.၆  % သော နေထိုင်သူတို့မှာ အင်္ဂလိပ် စကားကို မိခင်ဘာသာစကား အဖြစ် ပြောကြသည်။ []


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads