From Wikipedia, the free encyclopedia
နရသိင်္ဃ ဥဇနာ (၁၁၉၀ ဆယ်စုနှစ် – ၁၂၃၅) သည် ပုဂံပြည်တွင် ၁၂၃၁ ခုနှစ်မှ ၁၂၃၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ဘုရင် ဖြစ်သည်။ ဂေါ်ဒင် လုစ်နှင့် ဒေါက်တာသန်းထွန်းတို့က နရသိင်္ဃ ဥဇနာ ကို ၁၂၃၁ မှ ၁၂၃၅ အတွင်း ဘုရင်အဖြစ် သတ်မှတ်ထားကြသော်လည်း ဒေါက်တာထင်အောင်နှင့် မိုက်ကယ်အောင်သွင်ကဲ့သို့သော အခြားသမိုင်းပညာရှင်များက လက်မခံကြပေ။[၂][၃][၄]
နရသိင်္ဃ ဥဇနာ | |
---|---|
ပုဂံဘုရင် (အငြင်းပွားဖွယ်ရာ) | |
မြန်မာ ဘုရင် (အငြင်းပွားဖွယ်ရာ) | |
နန်းသက် | ၁၂၃၁? – ၁၂၃၅ |
ရှေ့မင်းဆက် | ထီးလိုမင်းလို |
ဆက်ခံသူ | ကျစွာမင်း |
မွေးဖွား | ၁၁၉၇ အတွင်း သို့ မတိုင်မီ ပုဂံ |
ကွယ်လွန် | ဇူလိုင် ၁၂၃၅ ပုဂံ |
ကြင်ရာတော် | ရှင်စော စောမင်းဝိုင်း |
သားသမီးများ | ဥဇနာ[၁] |
စံအိမ် | ပုဂံ |
ခမည်းတော် | ထီးလိုမင်းလို |
မယ်တော် | အိမ်တော်သည် |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
ခေတ်ပြိုင်ကျောက်စာတစ်ခုတွင် နရသိင်္ဃ ဥဇနာ အား အိမ်ရှေ့မင်းအဖြစ် ဖော်ပြထားပြီး အခြားတစ်ခုတွင် ဘုရင်အဖြစ် ဖော်ပြထားသည်။ ကျောက်စာနှစ်ချပ်စလုံးတွင် ထီးနန်းသက်ကို ဖော်ပြထားခြင်း မရှိသော်လည်း ယင်းတို့မှာ ၁၂၃၀ သို့ ၁၂၃၁ ခုနှစ်ခန့် ဖြစ်သည်ဟု ဂေါ်ဒင်လုစ်က သတ်မှတ်ခဲ့သည်။ လုစ်နှင့် ဒေါက်တာသန်းထွန်းတို့မှာ နရသိင်္ဃ ဥဇနာ အား ဘုရင်အဖြစ် လက်ခံထားသည်။[၃] ဒေါက်တာထင်အောင်သည် လုစ်က အဆိုပြုထားသော နန်းသက်ရက်စွဲများကို လက်မခံဘဲ မည်သည့်ရာဇဝင်ကျမ်းများတွင်မှ နရသိင်္ဃ ဥဇနာအား ဘုရင်အဖြစ် ဖော်ပြထားခြင်းမရှိသည်ကို ထောက်ပြငြင်းဆိုခဲ့သည်။ ဒေါက်တာထင်အောင်အလိုအရ နရသိင်္ဃ ဥဇနာ သည် ထီးနန်းဆက်ခံသူအဖြစ် လအနည်းငယ်သာ ဖြစ်နိုင်ခဲ့သည်ဟု ဆိုသည်။[၂] မိုက်ကယ်အောင်သွင်ကလည်း နရသိင်္ဃ ဥဇနာ အား ဘုရင်အဖြစ် မသတ်မှတ်ခဲ့ပေ။[note ၁]
Seamless Wikipedia browsing. On steroids.