နရသူ (ပုဂံ)

ပုဂံဘုရင် From Wikipedia, the free encyclopedia

Remove ads

နရသူမင်းသည် အလောင်းစည်သူဘုရင်၏ သားတော်ငယ် ဖြစ်သည်။ နရသူသည် ဘခမည်းတော် အလောင်းစည်သူ မင်းကြီးအား ရွှေဂူကြီးဘုရား‎အတွင်းသို့သွင်းကာ စောင်၊ ခေါင်းအုံးတို့ဖြင့် ဖိညှပ်သတ်ဖြတ်လိုက်သည်။ နရသူသည် ဖခင်အရင်းဖြစ်သူအား လုပ်ကြံ သတ်ဖြတ်သည် သာမက ပုဂံပြည်၏ သာသနာ ဂိုဏ်းချုပ်ကြီး အရှင်ပံ့သကူမထေရ်အား လိမ်လည်လှည့်ဖြား အကာအကွယ်ယူပြီးလျှင် နောင်တော်ကြီး မင်းရှင်စော အား နံနက်တွင် ဘိသိက်သွန်း မင်းတင်မြှောက်ပြီး ညပွဲတော်စာတွင် အဆိပ်ခတ်၍ လုပ်ကြံသတ်ဖြတ်ကာ ပုဂံပြည်ထီးနန်းအား အဓမ္မ သိမ်းပိုက်ခြင်း ပြုခဲ့သည်။ သာသနာ ဂိုဏ်းချုပ်ကြီး အရှင်ပံ့သကူမထေရ်သည် ယင်းအပြုအမူအား ကန့်ကွက်ရှုံ့ချသည့် အနေဖြင့် ပုဂံပြည်တွင် ဆက်လက်မနေတော့ပဲ သီဟိုဠ် သို့ ထွက်ခွာသွား လေသည်။ ရဟန်းရှင်လူ ပုဂံပြည်သူများသည် နရသူအား မုန်းတီးရွံရှာကြလေသည်။ ပုဂံသူပုဂံသားများသည် ဤမျှရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်စဉ်းလဲသည့် နရသူဘုရင်အား မနှစ်မြို့၍ ရှောင်ကွင်းကြသည်။ နရသူသည် မိမိအား တိုင်းသူပြည်သားများက မလိုမုန်းထားသည်ကို သိရှိရ၍ ပိုမိုပြီး ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ပြန်သည်။

နရသူသည် ဝေသာလီပြည်မှ ဆက်သည့် ကုလားမင်းသမီးကို သတ်သောကြောင့် ကုလားပြည်မှ ဟူးရားဆရာ ရှစ်ယောက်လာ၍ မင်းကြီးအား ဘိသိက်မြှောက်ပေးမည် ဟုဆိုကာ သန်လျက်(ဓားမြှောင်)များနှင့် ထိုးသတ်သောကြောင့် နတ်ရွာစံလေသည်။ ထို့ကြောင့် သမိုင်းတွင် ကုလားကျမင်း ဟူ၍လည်း ခေါ်တွင်သည်။[]

Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads