နရောတ္တမ သီဟမုနီ
ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိ ဘုရင်မင်းမြတ် From Wikipedia, the free encyclopedia
Remove ads
နရောတ္တမ သီဟမုနီ(ခမာ: នរោត្តម សីហមុនី; ၁၉၅၃ မေ ၁၄ ~ )သည် ယခုလက်ရှိ ကမ္ဘောဒီးယားဘုရင်ဖြစ်သည်။
ခမည်းတော် နရောတ္တမ သီဟနု နန်းစွန့်ပြီး တစ်ပတ်အကြာ ၂၀၀၄ခုနှစ် အောက်တိုဘာလ ၁၄ရက်နေ့တွင် နန်းတက်ခဲ့သည်။[၁] ဘုရင် သီဟနုနှင့် မိဖုရား နရောတ္တမ မုနီနာထတို့၏ အကြီးဆုံး သားတော်ဖြစ်ပြီး ထီးနန်းကောင်စီမှ အဖွဲ့ဝင် ကိုးဦးဖြင့် ဘုရင်ဖြစ်လာရန် မရွေးချယ်မီ ယူနက်စကိုဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီးဖြစ်ခဲ့သည်။ နန်းမတက်မီ သီဟမုနီသည် ချက်ကိုဆလိုဗားကီးယားနိုင်ငံတွင် ပညာသင်ကြားခဲ့ပြီး ဥရောပရှိ ယဉ်ကျေးမှုသံတမန်အဖြစ်နှင့် ဂန္ထဝင်အကနည်းပြတစ်ဦးအဖြစ် လူသိများသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads