နဠကလာပီသုတ်

From Wikipedia, the free encyclopedia

Remove ads

[] အရှင်သာရိပုတ္တရာထေရ်နှင့် အရှင်မဟာကောဋ္ဌိကထေရ်တို့ ကာသိနိုင်ငံ ဗာရာဏသီမြို့တော်အနီး ဣသိပတနမိဂဒါယ၌ သီတင်းသုံးတော်မူစဉ် အရှင်မဟာကောဋ္ဌိကထေရ်သည် တိတ္ထိယတို့မေးသကဲ့သို့ ဇာတိမှပြန်၍ ဝိညာဏ် အထိ အရှင်သာရိပုတ္တရာထေရ်အား မေးလျှောက်ရာ “နာမ် ရုပ်ဟူသော အကြောင်းကြောင့် ဝိညာဏ်ဖြစ်၏။ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်၏”ဟု ဖြေဆိုတော်မူရာ၌ အရှင်သာရိပုတ္တရာထေရ်က ကျူးစည်းနှစ်စည်း ဥပမာဖြင့် “နာမ်ရုပ်ကြောင့် ဝိညာဏ်ဖြစ်၏။ ဝိညာဏ်ကြောင့် နာမ် ရုပ် ဖြစ်၏။ နာမ် ရုပ် ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏။ ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ် ရုပ်ချုပ်၏။ နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတန ချုပ်၏။ ဆင်းရဲအစု အားလုံးချုပ်၏” ဟု ဖြေကြားတော်မူပါသည်။ အရှင်မဟာကောဋ္ဌိကထေရ်က အရှင်သာရိပုတ္တရာ၏ ဒေသနာကို ချီးကျူးတော်မူပြီး (၃၆)မျိုးသောဝတ္ထုတို့ဖြင့် အနမောဒနာပြုပုံ “ဓမ္မကထိကရဟန်း” ဓမ္မာနုဓမ္မပဋိပန္န ရဟန်းတော်, ဒိဋ္ဌဓမ္မနိဗ္ဗာနပတ္တ ရဟန်းတော်,တို့ ခေါ်ဆိုထိုက်ပုံကို လျှောက်ထားသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ အရှင်မဟာကောဋ္ဌိကထေရ် မေးခွန်းများ မေးလျှောက်ခြင့်နှင့်တကွ သိသင့်သိထိုက်သောပုဒ်များကို ဖွင့်ပြထားပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads