နာလန္ဒသုတ်

From Wikipedia, the free encyclopedia

Remove ads

[] ဘုရားရှင် မဂဓနိုင်ငံ နာလန္ဒာမြို့ ပါဝါရိကမ္ဗဝန၌ သီတင်းသုံးတော်မူစဉ် “မြတ်စွာဘုရား ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်၌ ဘုရားရှင်ထက် အထူးသဖြင့် လွန်ကဲသော သဗ္ဗညုတဉာဏ်ရှိသော ဘုရားရှင်မှတစ်ပါးသော သမဏ, ဗြဟ္မဏ မရှိစဘူး ဖြစ်လတ္တံ့လည်း မဟုတ်, ယခုအခါ၌လည်းမရှိပါဟု တပည့်တော်သည် သို့ကလောက် ဘုရားရှင်အပေါ်၌ ကြည်ညိုပါသည်”ဟု အရှင်သာရိပုတ္တရာ၏ လျှောက်ထားမှုနှင့် ဆက်စပ်၍ ဘုရားရှင်က “သာရိပုတ္တရာ သင်လျှောက်ထားသော သီဟနာဒသည် အလွန် မွန်မြတ်လှပါပေစွ၊ အစရှိသည်ဖြင့် မိန့်ကြားတော်မူပြီး “သာရိပုတ္တရာ သင်သည် ပွင့်တော်မူပြီး, ပွင့်တော်မူလတ္တံ့ ပွင့်တော်မူဆဲ ဘုရားရှင်တို့၏ အကြောင်းကိုသိနိုင်သော စေတောပရိယဉာဏ်ဖြင့်သိ၍ လျှောက်ထား သလော”ဟု မေးတော်မူရာ အရှင်သာရိပုတ္တရာထေရ်က “ပစ္စန္တရာဇ်မြို့၌ မြို့စောင့် ဥပမာဖြင့် ဘုရားရှင်တို့၏ အကြောင်းအပြည့်အစုံကို သိနိုင်သော စေတောပရိယဉာဏ် မရှိသော်လည်း ဓမ္မနွယ (ဓမ္မကို မျက်မှောက်ပြု၍ သိနိုင်သော အနမာန) ဉာဏ်ဖြင့် မှန်းဆ၍ သိပါကြောင်း”သိပုံကို လျှောက်ထားပါသည်။

ဘုရားရှင်က “ဘုရားရှင်၌ တွေးတော, ယုံမှားမှုဖြစ်သော မောဃပုရိသများ ဤတရားတော်ကို နာယူ၍ တွေးတော, ယုံမှားမှု ပယ်နိုင်ရန်အတွက် ပရိသတ် လေးပါးတို့အား အမြဲမပြတ် ဟောကြားလေ”ဟု အရှင်သာရိပုတ္တရာအား တိုက်တွန်းတော်မူပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် အဓိပ္ပါယ်များကို ကျယ်ကျယ်ပြန့် ပြန့် ဖွင့်ဆိုထားပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads