နိက္ကဍ္ဎနသိက္ခာပုဒ်

From Wikipedia, the free encyclopedia

နိက္ကဍ္ဎနသိက္ခာပုဒ်
Remove ads

အမှု—သံဃိကကျောင်းမှထွက်သွားအောင် လုပ်မှု

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ


ဆဗ္ဗဂ္ဂီတို့အကြံ

ဇေတဝန်ကျောင်းတိုက်၏ အစွန်အဖျား၌ ကျောင်းကြီး တကျောင်းကို “ဤကျောင်း၌ ဝါဆိုကြစို့”ဟု တိုင်ပင်၍ သတ္တရသဝဂ္ဂီရဟန်းကလေးတို့ ကျောင်းပြင်နေကြလေသည်။ ဆဗ္ဗဂ္ဂီရဟန်းကြီးတို့တွင် အချို့ က “ဒီရဟန်းကလေးတွေကို ကျောင်းမှထွက်သွားစေကြစို့”ဟု ပြောလျှင် အချို့က “ဆိုင်းငံ့ကြဥုး, သူတို့ပြင်ပြီးမှ ထွက်စေကြ”ဟု ပြောကြ၏၊ ဝိနည်းတော်ထုံးစံအားဖြင့် သိဃိကကျောင်းမှန်လျှင် ကြီးသူတို့သာ နေရာကောင်း ရရှိကြ၏။ ကြီးသူတို့ မလိုချင်မှ ငယ်သူတို့ ရကြသည်။ ထို့ကြောင့် ကျောင်းပြင်ပြီးသောအခါ “ငါ့ရှင်တို့... ဤကျောင်းသည် ငါတို့ အားရောက်၏, သင်တို့ထွက်ကြ”ဟု နှင်ကြလေသော်..... “အရှင်ဘုရားတို့ စောစောပြောကြလျှင် တပည့်တော်တို့လဲ အခြားကျောင်းကို ပြင်ဆင်ကုန်ရာ၍”ဟု ပြော၍ မထွက်သေးဘဲ နေကြလေ၏၊ “ဒီကျောင်းဟာ သံဃိကကျောင်း မဟုတ်လား”ဟု ဆဗ္ဗဂ္ဂီတို့ကမေး၍ “ဟုတ်ပါကြောင်း”ဝန်ခံလျှင် “ငါ့ရှင်တို့ ထွက်ကြ, ငါတို့အား ရောက်သည်”ဟု ထပ်၍ပြောကြပြန်လေသည်။

ထိုအခါ သတ္တရသဝဂ္ဂီ ရဟန်းကလေးများက “အရှင်ဘုရားတို့..... ကျောင်းကြီး ကျယ်ပါတယ်, အရှင်တို့လဲ နေ့ကြတာပ, တပည့်တော်တို့လဲ နေပါရစေ”ဟု လျှောက်ကြပြန်လျှင် “ငါ့ရှင်တို့ထွက်ကြလော, ကျောင်းသည် ငါတို့အားရောက်၏”ဟု ပြောပြောဆိုဆိုနှင့်ပင် လည်ပင်းကိုင်၍ ဆွဲထုတ်ကြလေသော် ရဟန်းကလေးတို့ ငိုကြသံကို အခြားရဟန်းများကြား၍ ဘုရားထံလျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။[]

Remove ads

သိက္ခာပုဒ်

ယော ပန ဘိက္ခု ဘိက္ခုံ ကုပိတော အနတ္တမနော သံဃိကာ ဝိဟာရာ နိက္ကဍ္ဎေယျ ဝါ နိက္ကဍ္ဎာပေယျ ဝါ, ပါစိတ္တိယံ။ []

မြန်မာပြန်

အကြင်ရဟန်းသည် အခြားရဟန်းကို စိတ်ဆိုးသည် (မိမိ၏ပင်ကိုစိတ်မရှိသည်)ဖြစ်၍ သံဃိကကျောင်းမှ ကိုယ်တိုင်မူလည်း နှင်ထုတ်အံ့၊ သူတပါးကိုမူလည်း နှင်ထုတ်ခိုင်းအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။ []

မှတ်ချက်

လဇ္ဇီသူတော်ကောင်းကို နှင်ထုတ်မှသာ အာပတ်သင့်၏၊ အလဇ္ဇီကို၎င်း, ခိုက်ရန်ဖြစ်တတ်သောသူကို၎င်း သံဃိကကျောင်းမှ နှင်ထုတ်မှု, ကောင်းစွာမကျင့် မလိုက်နာသောတပည့်ကို နှင်ထုတ်မှု, မိမိပိုင်ပုဂ္ဂလိက ကျောင်းမှ မိမိသဘောမကျသူကို နှင်ထုတ်မှုကြောင့်ကား အာပတ်မသင့်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads