နိဒြတဟတ္ထ
From Wikipedia, the free encyclopedia
Remove ads
ဘေးစောင်းလက်ထောက်ပံ့ဖြစ်သည်။

နံဘေးတဖက်သို့ လက်ထောက်ထားပုံ ဖြစ်သည်။ ရုပ်တုသည် ခပ်စောင်းစောင်းထိုင်၍ တကိုယ်လုံး၏ အလေးချိန်ကို လက်ဖြင့်ထောက်ကာ ကြမ်းတွင် လက်ဝါးမှောက်ပြီး ထားသော ပုံဖြစ်သည်။
လဲလျောင်းခါနီး အိပ်ခါနီးတွင် လက်ကိုထောက်သည့် ဟန်ပန်မျိုး ဖြစ်သည်။ အပန်းဖြေသော သဘော, အားလျော့သောသဘော ဆင်းရဲဒုက္ခကို ကြိတ်မှိတ်သည်းခံနေသောသဘောနှင့် ချစ်သူများအား သွေးဆောင်ချော့မြူ သော သဘောများကို သရုပ်ဆောင်ထားပေသည်။
သန္တုဋ္ဌိမင်္ဂလာ, ခန္တီမင်္ဂလာ, အသောက မင်္ဂလာများကို သရုပ်ဆောင်ပြသည်။
ကရုဏာရသ, သိင်္ဂါရရသတို့ကို ပေါ်လွင်စေသည်။
ခန္တီပါရမီ, မေတ္တာပါရမီစခန်းများသို့ ညွှန်ပြထားသော သဘောကို ဆောင်ပေသည်။
ပုံစံအားဖြင့် သုဝဏ္ဏသာမဇာတ်တွင် မြှားမှန်သောအခါ သဲငွေပြင် သောင်ခုံယံဝယ် ဘုရားလောင်းလဲကျနေဟန် ရုပ်လုံး ရုပ်ကြွဆေးရေး ပန်ချီကားများ၌ ဤ နိဒြတဟတ္ထပုံဖြင့် တွေ့ရသည်။
မြန်မာကကြိုးကကွက်များတွင် ခြေဆင်းအနားယူ အပန်းဖြေဟန်များကို ဤနိဒြတဟတ္ထ လက်ဟန်များဖြင့် တွေ့ရှိရပေသည်။ [၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads