နိပ္ပေသိကတာ

From Wikipedia, the free encyclopedia

နိပ္ပေသိကတာ
Remove ads

ကိုယ်နယ်ဆီကို ဝါးခြမ်းစိတ်ဖြင့် ခြစ်ပစ်သကဲ့သို့ သူတစ်ပါးတို့၏ ဂုဏ်သတင်းကျော်စောမှုကို ခြစ်ပစ်သော သူသည် တစ်နည်း = နံ့သာခဲကို ကြိတ်ခြေ၍ အနံ့ရှာသကဲ့သို့ သူတစ်ပါးတို့၏ ဂုဏ်ကို ကြိတ်ခြေ၍ လာဘ်ကို ရှာသောသူသည် (နိပ္ပေသေတီတိ နိပ္ပေသိကော) နိပ္ပေသိက မည်၏၊ ထိုသူ၏ ဖြစ်ကြောင်းအမူအရာသည် နိပ္ပေသိကတာ မည်၏၊ ၎င်းနိပ္ပေသိကတာသည် အက္ကောသနာ, ဝမ္ဘနာ, ဂရဟနာ, ဥက္ခေပနာ, သမုက္ခေပနာ, ခိပနာ, သံခိပနာ, ပါပနာ, သမ္ပာပနာ, အဝဏ္ဏဟာရိတာ, ပရပိဋ္ဌိကမံသကတာဟု (၁၁)ပါး ရှိသည်။

၁။ အက္ကောသနာ = ကြောက်၍ လှူလာအောင် ဆဲရေးခြင်း (၁၀)ပါးဖြင့် ဆဲရေးခြင်း၊

ဇာတိ နာမ ဂေါတ္တ ကမ္မံ၊ သိပ္ပံ အာဗာဓ လိင်္ဂိတံ။

ကိလေသာပတ္တိ အက္ကောသာ ဒသဝိဓာ တထာ ဣမေ။

၂။ ဝမ္ဘနာ = နှိပ်စက်၍ ရှုတ်ချ၍ ဆိုခြင်း၊

၃။ ဂရဟနာ = သဒ္ဓါတရားနည်းသူ စသည်ဖြင့် အပြစ်တင် ကဲ့ရဲ့ခြင်း၊

၄။ ဥက္ခေပနာ = ဤအလှူ၌ ဤသူကို မပြောကြနှင့်ဟု ပယ်ထုတ်သော စကားကို ဆိုခြင်း၊ တစ်နည်း မလှူသောသူကို “အလှူရှင်ကြီးပါတကား ”ဟု မြှောက်၍ ဆောင့်ချစကား ဆိုခြင်း၊

၅။ သမုက္ခေပနာ = ကျိုးကြောင်းပြ၍ ပယ်ထုတ်သော စကားကို ဆိုခြင်း (ဝါ) အလှူရှင်သဒ္ဓါတုံးကြီး စသည်ဖြင့် လွန်စွာ ချီးမြှောက် ဆောင့်ချစကား ဆိုခြင်း၊

၆။ ခိပနာ = ဤသူသည် လူဖြစ်ကျိုးမနပ်၊ အဟောင်းသာ စားသည်ဟု ပြက်ရယ်လှောင်ပြောင် ပြောဆိုခြင်း၊

၇။ သံခိပနာ = အလှူခံ လာတိုင်း လစ်လပ်သည် မရှိ နတ္ထိကို လှူ၏ဟု လွန်စွာ ပြက်ရယ်ဆိုခြင်း၊

၈။ ပါပနာ = မလှူသောသူ၏ အဖြစ်သို့ ရောက်အောင် စေးနဲသည် လူဖြစ်ကျိုးမနပ် စသည် ဆိုခြင်း၊

၉။ သမ္ပာပနာ = ခပ်သိမ်းသော အဖို့အားဖြင့် မလှူသောသူ၏ အဖြစ်သို့ ရောက်အောင် ဆိုခြင်း၊

၁၀။ အဝဏ္ဏဟာရိတာ = ကြောက်၍ ရှက်၍ ငါ့အား လှူသတဲ့ဟု တစ်အိမ်မှ တစ်အိမ်, တစ်ရွာမှတစ်ရွာ ကျေးဇူးမဲ့ကို ဆောင်၍ ပြောဆိုခြင်း၊

၁၁။ ပရပိဋ္ဌိကမံသကတာ = မျက်မှောက်ချိုသာ ကွယ်ရာမှာ အပြစ်ပြောခြင်း (မျက်နှာချင်း မဆိုင်ဝံ့၍ နောက်ကွယ်မှ ကျောက်ကုန်းသားကို ဖဲ့စားသည်နှင့် တူသော စကားဟူလို) []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads