နိမိတ်

From Wikipedia, the free encyclopedia

Remove ads

နိမိတ်ဟူသည် ကောင်းမည်၊ ဆိုးမည်၊ ဖြစ်မည်၊ ပျက်မည် စသည်တို့ကို ကြိုတင်သိစေနိုင်သော အကြောင်းအမှတ်၊ လက္ခဏာဟူ၍ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် အဓိပ္ပာယ်ဖွင့်ဆိုသည်။ ဆရာကြီး ဟံသာဝတီဦးဘရင်က နိမိတ္တဟူသော ပါဠိဘာသာမှ ဆင်းသက်လာပြီး ဖြစ်လတ္တံ့သော အနာဂတ်အရေး၏ အကြောင်းကို အရိပ်လက္ခဏာ တင်ကြိုပြနှင့်ခြင်း ဟူ၍ ဖော်ပြသည်။ [] ဝီကီရင်းမြစ်ရှိ မဟာဗုဒ္ဓဝင်မှ နိမိတ် နှင့်ပတ်သက်သမျှများကို သည်မှာ ဖတ်ပါ။

`ဖြစ်မယ် ဆိုရင်လည်း နိမိတ်ကအရင်လာတယ်၊ ပျက်မယ်ဆိုရင်လည်း နိမိတ်က အရင်လာတယ်´ လို့ ဆိုသည်။ ဖြစ်မယ့်ပျက်မယ့် ကိစ္စတွေအားလုံးသည် နိမိတ်တစ်ခု၊ (တစ်ခါတစ်လေ တစ်ခုထက်ပိုပြီး) နိမိတ်ပြတတ်သည်။ ရှေ့ပြေး ပုဗ္ဗနိမိတ် လာပြီးမှ အဖြစ်အပျက်တွေ ဖြစ်လာတာဘဲ ဖြစ်သည်။

Remove ads

ဘုရားလောင်းနှင့် ပုဗ္ဗနိမိတ်များ

ဘုရားပွင့်တော့မယ်ဆိုလျှင် ပုဗ္ဗနိမိတ်များ ပေါ်ပေါက်လာသည်။ မယ်တော်မာယာ၏ ဝမ်းကြာတိုက်ကို ဘုရားလောင်း ဝင်စားတော့မယ်ဆိုလျှင်လည်း- ငလျင်လှုပ်ခြင်း၊ တော်လဲခြင်း၊ ပန်းနံ့သာမိုးများရွာသွန်းခြင်း၊ အလုံးစုံသော တူရိယာတို့သည် မတီးမမှုတ်ဘဲ အလိုလို မြည်ခြင်း၊ အချိန်အခါ မဟုတ်ဘဲ သစ်ပင်ပန်းမန် အားလုံး ဖူးပွင့်လာခြင်း၊ ငရဲမီးများ ခေတ္တငြိမ်းသက်သွားခြင်း စသည့် (၃၂) ပါးသော ပုဗ္ဗနိမိတ်တွေပြပြီးမှ ဝင်စားပါသည်။ ဘုရားသခင်ဖွားတော်မူမည့် နိမိတ်၊ ဘုရားလောင်း တောထွက်တော့မည့် “သူအိုသူနာ သူသေရဟန်း” ဆိုသော နိမိတ်ကြီး (၄)ပါး၊ ဘုရားပွင့်တော့မည့် နိမိတ်၊ ဘုရားပရိနိဗ္ဗာန်စံတော့မည့် နိမိတ် စသဖြင့် နိမိတ်တွေ ရှိကြသည်။

Remove ads

အင်္ဂုလိမာလ မွေးဖွားချိန် နိမိတ်

လက်ညှိုးပေါင်းတစ်ထောင်ဖြတ်ခဲ့သော အင်္ဂုလိမာလ လူဆိုးကြီး မွေးဖွားသည့်အချိန်တွင် တစ်တိုင်းပြည်လုံးရှိ ဓား၊ လှံ၊ လက်နက်တွေနှင့် ကောသလမင်းကြီး၏ နန်းတော်ထဲရှိ ဓားလှံလက်နက်များသည် အရောင်တဝင်းဝင်း တောက်ပြီး၊ အသံမျိုးစုံမည်လာသည်ဟု ဆိုသည်။

မြန်မာမင်းများလက်ထက် နိမိတ်များ

မှန်နန်းရာဇဝင်တော်ကြီးကို ဖတ်ကြည့်လျှင် မင်းလောင်းပေါ်မယ့် နိမိတ်၊ ရှင်ဘုရင်များ နန်းကျမည့်နိမိတ်၊ ကံတော်ကုန်မည့် နိမိတ်၊ စစ်အောင်နိုင်မည့် နိမိတ်၊ စစ်ရှုံးမယ့် နိမိတ်တွေကို တွေ့ရသည်။ နိမိတ်သည် ဘယ်တော့မှ မမှားနိုင်ပါ။ ကောက်ယူပုံလွဲ၍သာ မှားချင်မှားပါလိမ့်မည်။ (ဘိုးတော်ဘုရားလက်ထက် အယူတော်မင်္ဂလာ ဦးနိုးသည် ရှင်ဘုရင်အပါးတွင် ခစားနေကြသော ပုဏ္ဏားဖြူ၊ ပုဏ္ဏားညို၊ ဟူးရား၊ ပုရောဟိတ်များ၏ နေလနက္ခတ်များနှင့် တွက်ချက်ဟောပြောသောပညာများကို အံတုပြီး ဘာတွက်ကိန်းမှ မပါသည့် အတိတ်နိမိတ်ဆိုသော ပညာနှင့် ဒက်ထိဟောပြောပြီး ကျော်ကြားခဲ့ သူတစ်ဦး ဖြစ်ပေသည်။)

ကောင်းနိမိတ်, ဆိုးနိမိတ်

နိမိတ္တသဒ္ဒါသက်သက်က ကောင်းသောအကြောင်း (ကောင်းသောနိမိတ်) မကောင်းသောအကြောင်း (မကောင်းသောနိမိတ်) နှစ်မျိုးလုံးကိုပင် ဟောဆိုနိုင်ရာ မကောင်းသောအကြောင်း နိမိတ်ကို ဆိုလိုရာ၌ (ဒု)သဒ္ဒါနှင့် တွဲဖက်၍ (ဒုန္နိမိတ္တ)ဟူ၍ ခေါ်ဆိုသုံးစွဲလေ့ရှိသည်။ []

အကြောင်းနှင့်ပတ်သက်သည့် အချက်စု ငါးခု

လောကီလူအများ အသိအမှတ်ပြုသော အကြောင်းနှင့်ပတ်သက်သည့် အချက်စုမှာ တိတ်, နိမိတ်, တပေါင်, စနည်း, ဘဝေါ-ဟူ၍ ငါးမျိုးရှိသည်ဟု ပြောဆိုကြ၏၊ ထိုငါးမျိုးတို့၏ ထူးခြားပုံကိုလည်း..[]

နိမိတ်

မျက်မြင် နိမိတ်၊ တိတ်မှာ လက်ဆောင်၊ အသံမှာ တပေါင်ဟု အမှတ်အသား ပြုကြပြီးလျှင် နံနက် အိပ်ရာမှထ၍ မျက်စိကို ဖွင့်ကြည့်ရာတွင် ကောင်းသောအရာကိုမြင်လျှင် ထိုနေ့သည် နိမိတ်ကောင်းသောနေ့၊ မကောင်းသောအရာကိုမြင်လျှင် ထိုနေ့သည် နိမိတ်မကောင်းသောနေ့ဟူ၍ မျက်စိဖြင့် မြင်ရာကို (နိမိတ်) ခေါ်ရမည်ဟု ဆိုကြ၏။[]

တိတ်

(တိတ်) ဟူသော စကားကို အတိတ်ဟူ၍လည်း ခေါ်ဆိုကြ၏။ (အတိတ်ဟုဆိုသော်လည်း လွန်လေပြီးသော ကာလကိုခေါ်သည့် အတိတ်မဟုတ်) လက်ဆောင်ကိုခေါ်သော စကားသာ ဖြစ်၏။ မိတ်ဆွေများက မိမိထံသို့ ပို့လိုက်သော လက်ဆောင်သည် တိတ်မည်၏ (သို့မဟုတ် အတိတ်မည်၏) ထိုလက်ဆောင်သည် မိမိနှစ်သက်သော လက်ဆောင်ပစ္စည်းဖြစ်လျှင် တိတ်ကောင်းသည် (အတိတ်ကောင်းသည်)၊ မနှစ်သက်သော လက်ဆောင်ပစ္စည်းဖြစ်လျှင် တိတ်မကောင်း (အတိတ်မကောင်း)ဟု ပြောဆိုလေ့ရှိကြ၏။[]

တပေါင်

(တပေါင်)ဟူသည် ကြားရသော အသံပင်ဖြစ်၏၊ သဘင်သည် သူရူး ကလေးသူငယ်တို့၏ နှုဘ်ဖျားမှ သီဆိုအော်ဟစ်ကြသော အသံသည် တမင်နားမထောင်ရပဲ ကြားရသော အသံဖြစ်၍ (တပေါင်)ခေါ်၏ဟု ပြောဆိုကြသည်။[]

စနည်း

တမင်ချောင်း၍ နားထောင်မှ ကြားသိရသော အသံကိုကား (စနည်း)ဟု ခေါ်သည်။ သို့ဖြစ်၍ အကောင်းအဆိုး သိလိုလျှင် စနည်းနာရသည်ဟု မသိမသာ ချောင်းမြောင်း နားထောင်ခြင်းကို ပြုရာ၏။[]

(မဃဒေဝလင်္ကာသစ်ကျမ်း၌ကား.. “စနည်းကိုတောင်၊ တပေါင်ကို မြောက်၊ ယူကောက်နှိုင်းညှိ၊ ဆိုရိုးရှိရှင့်”ဟူ၍ စပ်ဆိုသည်။ အဓိပ္ပါယ်မှာ… စနည်းနှင့် တပေါင်သည် အသံချည်းပင် ဖြစ်သော်လည်း မိမိနေရပ်၏ တောင်ဘက်မှ ကြားရသောအသံသည် စနည်းဖြစ်၍၊ မြောက်ဘက်မှ ကြားရသော အသံသည် တပေါင်ဖြစ်သည်ဟု ဆိုလိုသည်။)[]

ဘဝေါ

နတ်များက ပူးဝင်ပြောဆိုသော အကြောင်းအရာကို (ဘဝေါ)ဟူ၍ ခေါ်သည်။ ထို့ကြောင့် မဃဒေဝလင်္ကာသစ်ကျမ်း၌ “ပြည်နိမိတ်နှင့်၊ အတိတ် ဘဝေါ၊ နတ်ပြောပြဆောင်”-ဟူ၍ စပ်ဆိုလေသည်။[]

ငါးခုလုံး တူတူပါ

ဤသို့ အမျိုးမျိုး ခေါ်ဝေါ်ခြင်းမှာ မြန်မာသက္ကရာဇ် ရှစ်ရာကျော် အရှင်မဟာသီလဝံသတို့ လက်ထက်လောက်ကပင် ရှိခဲ့၏။ အရှင်မဟာသီလဝံသကမူကား... ပါဠိတော်၌ပင် နိမိတ္တဟူ၍သာ တမျိုးတည်း ဟောထားသောကြောင့် တိတ်, နိမိတ်, တပေါင်, စနည်း, ဘဝေါဟု အထူးအပြား ခွဲခြားပြရန်မလိုဟု ပြဆိုတော်မူလိုသည့်အတွက် ပါဠိတော်လာ နိမိတ်ကိုပင် (ဤသည့်မြေလည်း၊ ရိုသေလှစွာ၊ ကြည်းနာသံဟည်း၊ တော်တည့်လည်း၏၊ စနည်းဤသို့၊ အံ့ဘွယ်မြို့လည်း၊ ၊ငါတို့ မြင်ကုန်လိုက်လျက်တည်း) ဟူ၍၎င်း၊ (မွှေနှောက်ရမ္မက်၊ ခေါင်းပါးလျက်လျှင်၊ အမျက်ဒေါသ၊ မိုက်မဲစသား၊ မာန်မျှမကျန်း၊ ရေယို့ခန်း၏။ အဆန်းထူးပြား၊ တံဘောင်များကို၊ မှတ်သားငါတို့၊ ယခုမြို့လည်း၊ ၊တချို့ မမေ့စေရက်တည်း၊) ဟူ၍၎င်း နိမိတ်ကိုပင် စနည်းဟူသော အမည်၊ တပေါင်ဟူသော အမည်တို့ဖြင့် ပါရမီတော်ခဏ်းပျို့ ပိုဒ်ရေ (၃၀)(၃၂)တို့၌ ရေးသား စပ်ဆိုတော်မူသည်။[]

Remove ads

နိမိတ်၏ အခြားအဓိပ္ပါယ်များ

[] (၁) နိမိတ်၊

  • (က) အကြောင်း။ []
  • (ခ) အမှတ်အသား၊ အခြင်းအရာ(အသွင်, သဏ္ဌာန်, ဟန်, အမူအရာ)။ []
  • (ဂ) အရိပ် (မျက်နှာရိပ် စသည်)။ []
  • (ဃ) အရိပ်အရောင်၊ အရိပ် အမြွက် (ပရိယာယ်အားဖြင့် အမှတ်အသားကို ဖြစ်စေခြင်း)။ []
  • (င) နိမိတ်ကျမ်း (ငယ်သော နိမိတ်၏အကျိုး, အပြစ်ကိုဆိုရာဖြစ်သော ကျမ်း။ ပခုက္ကူ၊ ဒီ၊၁၊သျ)။ []
  • (စ) နိမိတ်ဖတ်ခြင်း။ []
  • (ဆ) နိမိတ်အနက်။ [၁၀]
  • (ဇ) (ပိုင်းခြား-သတ်မှတ်–ကြောင်းဖြစ်သော) အမှတ်အသား (သိမ်နိမိတ် စသည်)။ [၁၁]

၁။ တောင်နိမိတ်, ၂။ ကျောက်နိမိတ်, ၃။ တောနိမိတ်, ၄။ သစ်ပင်နိမိတ်, ၅။ ခရီးနိမိတ်, ၆။ ရေနိမိတ်, ၇။ မြစ်နိမိတ်, ၈။ တောင်ပို့နိမိတ် ဟူ၍ နိမိတ် ၈-ပါး လာ၏၊

  • (ဈ) မှတ်တိုင်၊ ပစ်မှတ်။ [၁၂]
  • (ည) အာရုံ။ [၁၃]

(၂) တံဆိပ်၊ ချိတ်အိတ်တံဆိပ် (ဝိ၊၂၊သျ၊ ဘုရားကြီး)။ [၁၄]

(၃) ခိုးသူ။ [၁၅]

(၄) သုတ် (စူဠဝေဒလ္လ, မဟာဝေဒလ္လသုတ် စသည်)။ [၁၆]

[၁၇] (၁) နိမိတ်၊ အင်္ဂါဇာတ်။ (တိ) [၁၈]

(၂) နိမိတ်-အင်္ဂါဇာတ်–ရာမျှသာရှိသော (ရဟန်းမ)။ [၁၉]

[၂၀] (၁) အကြောင်း နိမိတ်။ (တိ)[၂၁]

(၂) (ပိုင်းခြား-သတ်မှတ်–ကြောင်းဖြစ်သော) အမှတ်အသား-နိမိတ်-ရှိသော။[၂၂] [၂၃]

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads