နိုင်ငံခြားဘာသာတက္ကသိုလ် (မန္တလေး)
From Wikipedia, the free encyclopedia
Remove ads
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင်တည်ရှိပြီး မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာတက္ကသိုလ် နှစ်ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ အချိန်ပြည့်ဘွဲ့သင်တန်းများကို သင်ကြားလျက်ရှိပြီး အင်္ဂလိပ်ဘာသာ ဒီပလိုမာသင်တန်းများ အပြင် တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဂျာမန်၊ ရုရှား စသောနိုင်ငံခြားဘာသာ ဒီပလိုမာသင်တန်းများလည်း ဖွင့်လှစ်ထားရှိသည်။

Remove ads
တည်နေရာ
ယခင်က မန္တလေးတက္ကသိုလ် ကျောင်းဝန်းအတွင်းတွင် ဖွင့်လှစ်ခဲ့သော်လည်း ယခုအခါ အောင်မြေသာဇံမြို့နယ်၊ (၆၂) လမ်း၊ (၂၂) လမ်း နှင့် (၂၃) လမ်းကြားတွင် ပြောင်းရွှေ့ဖွင့်လှစ်ထားရှိသည်။
သင်ကြားနိုင်သော ဘာသာရပ်များ
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် အောက်ပါဘာသာများအား သင်ကြားနိုင်သည်။
- အင်္ဂလိပ်ဘာသာ
- တရုတ်ဘာသာ
- ဂျပန်ဘာသာ
- ပြင်သစ်ဘာသာ
- ကိုရီးယားဘာသာ
- ဂျာမန်ဘာသာ
- ရုရှားဘာသာ
- ထိုင်းဘာသာ
- မြန်မာဘာသာ (နိုင်ငံတကာကျောင်းသားများအတွက်)

ဆက်စပ်ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads