နိုင်ငံခြားရေးဝန်ကြီးဌာန (တောင်ကိုရီးယား)

From Wikipedia, the free encyclopedia

နိုင်ငံခြားရေးဝန်ကြီးဌာန (တောင်ကိုရီးယား)map
Remove ads

ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံခြားရေးနှင့် ပြည်ပရောက် ကိုရီယားလူမျိုးများအရေး ဆောင်ရွက်နိုင်ရန် ၁၉၄၈ခု ဇူလိုင်လ ၁၇ ရက်မှစ၍ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဖွဲ့စည်းထားရှိသည်။ ရုံးချုပ်အဆောက်အအုံမှာ လက်ရှိတွင် ဂျုံးနိုခရိုင်၌ တည်ရှိသည်။[]

အချက်တိုများ တောင်ကိုရီးယားအစိုးရအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်းကြောင်း

သမ္မတ ရီဆွန်းမန်းလက်ထက်တွင် ပြဋ္ဌာန်းသည့် အစိုးရဖွဲ့စည်းပုံဥပဒေအရ ၁၉၄၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။[] နိုင်ငံခြားရေးမူဝါဒဆိုင်ရာ၊ ပြည်ပရောက် ကိုရီယားလူမျိုးများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ သဘောတူစာချုပ်စာတမ်း၊ သံခင်းတမန်ခင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရသည်။[] ဝန်ကြီးဌာနတည်ထောင်ပြီ များမကြာမီ အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်းနှင့် ပြင်သစ်နိုင်ငံများသို့ သံတမန်များ စေလွှတ်ခဲ့သည်။[] ၁၉၆၃ တွင် သံရုံးဝန်ထမ်းများအတွက် နိုင်ငံခြားရုံးဝန်ထမ်းများ ပညာရေးသိပ္ပံကို ဖွင့်လှစ်ပေးခဲ့ပြီး၊[] ၁၉၆၅ တွင် နိုင်ငံခြားရေး သုတေသနသိပ္ပံ ဖြစ်လာခဲ့သည်။[] ၁၉၇၆ ဒီဇင်ဘာတွင် ၎င်းသုတေသနသိပ္ပံကို နိုင်ငံခြားရေးနှင့် လုံခြုံရေးသိပ္ပံအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[] ၂၀၁၂ တွင် ကိုရီးယားအမျိုးသား သံတမန်ရေးအကယ်ဒမီ ဖြစ်လာခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံအတွင်း အကြီးဆုံး သုတေသနနှင့် လေ့ကျင့်ရေးသိပ္ပံ ဖြစ်လာခဲ့သည်။[]

၁၉၉၈ ခုနှစ်တွင် ဝန်ကြီးဌာနကို နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန (MOFAT, 외교통상부) အဖြစ် ပြောင်းလဲခဲ့ပြီး နိုင်ငံခြားကုန်သွယ်ရေးကိုပါ တာဝန်ယူရသည်။[] ၂၀၁၃ ခုနှစ်၊ သမ္မတ ဘတ်ဂွန်းဟျဲ လက်ထက်တွင် မူလအမည်သို့ ပြန်လည်ပြောင်းလဲခဲ့သည်။[]

Remove ads

ဖွဲ့စည်းပုံ

ဝန်ကြီးလက်အောက်တွင် ဒုဝန်ကြီးနှစ်ဦး၊ ကိုရီးယားအမျိုးသား သံတမန်ရေးအကယ်ဒမီမှ ဒုဝန်ကြီးအဆင့်ရှိ အဓိပတိ၊ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အထူးကိုယ်စားလှယ်တို့ ရှိကြသည်။

ဝန်ကြီးများစာရင်း

  သည် ခေတ္တဝန်ကြီးများကို ရည်ညွှန်းသည်။
နောက်ထပ် အချက်အလက်များ No., Portrait ...
Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads