နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း
နိုင်ငံတကာ အဖွဲ့အစည်း From Wikipedia, the free encyclopedia
Remove ads
နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN တရားဝင် International Union for Conservation of Nature and Natural Resources[၃]) သည် သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဆောင်ရွက်သော နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သည်။ သဘာဝရင်းမြစ်များကို ရေရှည်အသုံးပြုနိုင်ရန် ဆောင်ရွက်ရပြီး အချက်အလက်များ စုဆောင်းခြင်း၊ သုတေသနဆောင်ရွက်ခြင်း၊ ပရောဂျက်များနှင့် ပညာပေးလုပ်ငန်းများ ပါဝင်သည်။ ယင်း၏ ရည်မှန်းချက်မှာ သဘာဝ အရင်းအမြစ်များကို အသုံးပြုရာတွင် တန်းတူညီမျှရေးနှင့် စီးပွားရေးအရ ရေရှည်တည်တံ့ရန်အတွက် တစ်ကမ္ဘာလုံးရှိအသင်းအဖွဲ့များကို အားပေးကူညီရန်ဖြစ်သည်။ အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့်မတူသည်မှာ အသင်းသည် အများပြည်သူများနှင့် တိုက်ရိုက်ထိတွေ့မှုမရှိဘဲ သက်ဆိုင်ရာအစိုးရ၊ အာဏာပိုင်များကို လိုအပ်သောအချက်အလက်များ၊ အကြံဉာဏ်များ ထောက်ပံ့ပေးသည်။ အသင်းသည် ကမ္ဘာပေါ်ရှိ မျိုးသုဉ်းပျောက်ကွယ်နိုင်ခြေရှိသော သက်ရှိမျိုးစိတ်များကို သတ်မှတ်ရာ၌ ထင်ရှားသည်။ အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းပေါင်း ၁၄၀၀ ကျော်ပါဝင်ထားပြီး စေတနာဝန်ထမ်းများ၊ သိပ္ပံပညာရှင်များ ၁၆၀၀၀ ပါဝင်သည်။ နိုင်ငံပေါင်း ၅၀ ကျော်တွင် အချိန်ပြည့်ဝန်ထမ်းပေါင်း ၁၀၀၀ ရှိပြီး[၄] ရုံးချုပ်မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂလန်းမြို့တွင် တည်ရှိသည်။[၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads