နိုင်ငံတကာ အာကာသ စခန်း

ကမ္ဘာပတ်လမ်း အနိမ့်ရှိ အာကာသစခန်း From Wikipedia, the free encyclopedia

နိုင်ငံတကာ အာကာသ စခန်း
Remove ads

နိုင်ငံတကာ အာကာသ စခန်း (International Space Station, ISS) သည် ကမ္ဘာ့မျက်နှာပြင်အထက် ကီလိုမီတာ ၂၀၀၀ အထက် ပတ်လမ်းနိမ့်ပေါ် လွှတ်တင် တပ်ဆင်ထားသည့် နိုင်ငံတကာ သုတေသန အဆောက်အအုံ တစ်ခုဖြစ်သည်။ ယင်းအား သာမန်မျက်စိဖြင့် မြင်နိုင်သည်။[][] ၁၉၉၈ ခုနှစ်တွင် စတင် တပ်ဆင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်မည်ဟု လျာထားပြီး ၂၀၁၅ ခုနှစ် အထိ လည်ပတ် စေနိုင်မည်ဟု ခန့်မှန်းရသည်။ [][]

Thumb
အတ္တလန်တစ် အာကာသယာဉ်မှ ရိုက်ကူးထားသည့် နိုင်ငံတကာ အာကာသ စခန်း (၂၃ မေ ၂၀၁၀)

လက်ရှိ အာကာသ စခန်းသည် ယခင်စခန်းများထက် ကန့်လန့်ဖြတ်အလျား ပိုမိုရှည်လျားပြီး လက်ရှိ ကမ္ဘာကို လည်ပတ်နေသည့် ဂြိုဟ်တုဖြစ်ကာ သာမန်မျက်လုံးဖြင့် မြင်နိုင်သည်။ [] သိပ္ပံပညာရှင်များသည် နိုင်ငံတကာ အာကာသ စခန်းကို ဆွဲငင်အား လွန်စွာ နည်းပါးသည့် မိုက်ခရို ဂရဗ်ဗီတီ (microgravity) ဓာတ်ခွဲခန်းတစ်ခုအဖြစ် အသုံးချကာ ဇီဝဗေဒ၊ ဇီဝကမ္မဗေဒ၊ ဓာတုဗေဒရူပဗေဒနှင့် ဆေးဝါးဆိုင်ရာ စမ်းသပ်မှုများကို လုပ်ဆောင်ကြသည်။ အာကာသနှင့် မိုးလေဝသကို စောင့်ကြည့် လေ့လာကြသည်။ [][]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads