နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)

(ဘွဲ့တံဆိပ်များ) သာသနတက္ကသီလဓမ္မာစရိယ၊ B.A(Buddhism), သာသနတက္ကသီလမဟာဓမ္မာစရိယ၊ M.A(Buddhism),သာသနတက္ကသီလဓမ္ From Wikipedia, the free encyclopedia

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)
Remove ads

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) သည် ရန်ကုန်မြို့တွင် တည်ရှိသည့် ဗုဒ္ဓဘာသာတက္ကသိုလ်တစ်ခု ဖြစ်သည်။ ထိုတက္ကသိုလ်တွင် ဗုဒ္ဓဘာသာရဟန်းတော်များကို ပိဋကတ်ပါဠိမြန်မာစာ၊အင်္ဂလိပ်နှင့် သာသနာပြုလုပ်ငန်းများကို သင်ကြားပေးလျက် ရှိသည်။ တက္ကသိုလ်ကို ၁၉၈၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့သည်။[] တက္ကသိုလ်မှ သာသနတက္ကသီလဓမ္မာစရိယ(B.A Buddhism) ၊ သာသနတက္ကသီလမဟာဓမ္မာစရိယ M.A(Buddhism) သာသနတက္ကသီလဓမ္မပါရဂူ (Ph-D) ဘွဲ့ဒီဂရီများကို ပေးအပ်သည်။[] ၂၀၁၈ ခုနှစ်တွင် ဗုဒ္ဓဘာသာရဟန်းများအား ဘွဲ့ ၁၂၈ ခု ပေးအပ်ခဲ့ပြီး ဖြစ်သည်။ တက္ကသိုလ်သို့ တက်ရောက်လိုသော ရဟန်းတော်များသည် အနည်းဆုံး သက်တော်(၃၀)ဝါတော်(၁၀)ဝါအတွင်းဖြစ်ရပြီး ဥပဓိသမ္ပတ္တိနှင့်ပြည့်စုံကာ သကျသီဟ၊စေတီယင်္ဂဏစာသင်တန်းနှင့် ပထမကြီးတန်း တစ်ခုခု အောင်မြင်သော အရှင်မြတ်များကို သာသနတက္ကသီလဓမ္မာစရိယတန်းအတွက် ဝင်ခွင့်ခေါ်ယူခဲ့သည်။ သာသနတက္ကသီလမဟာဓမ္မာစရိယတန်းသို့ တက်ရောက်လိုသော ရဟန်းတော်များသည် သက်တော်(၃၅)နှစ် ဝါတော် (၁၅)ဝါအတွင်းဖြစ်ရပြီး သကျသီဟ၊ စေတီယင်္ဂဏစာချတန်းနှင့် သာသနဓဇဓမ္မာစရိယတစ်ခုခု အောင်မြင်ထားရမည်ဖြစ်သည်။ စာသင်နှစ်များပြီးဆုံး၍ ဘွဲ့ယူစာတမ်းတင်ပြီးနောက် နယ်စပ်နှင့်တောင်တန်းဒေသသို့ သာသနာပြုနှစ်နှစ် တာဝန်ထမ်းဆောင်ပြီးမှ ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ []

အချက်တိုများ ဆောင်ပုဒ်, အမျိုးအစား ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads